အားလုံးပဲ မင်္ဂလာပါ။ အပျင်းပြေလည်း စားလို့ရပြီး အာဟာရလည်း ပြည့်ဝစေဖို့အတွက် မုန်လာဥနီ ပန်ကိတ်ကြော်လေးက ကူညီပေးပါလိမ့်မယ်။ ဆီ နည်းနည်းလေးနဲ့ပဲ ကြော်ထားတာမို့လို့ ဝိတ်တက်မှာကိုလည်း စိုးရိမ်စရာမလိုပါဘူး။

ပါဝင်ပစ္စည်းများ

• အချောင်းလိုက် လှီးဖြတ်ထားသော မုန်လာဥနီ ၃၀၀ ဂရမ်
• ကြက်ဥ ၂ လုံး
• ဂျုံမှုန့် ၁၂၅ ဂရမ်
• ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
• ပါးပါးလှီးထားသော ကြက်သွန်မြိတ် လက်တစ်ဆုပ်စာခန့်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် မုန်လာဥနီ၊ ကြက်ဥ ၂ လုံးနှင့် ဂျုံမှုန့်တို့ကို သမအောင် နယ်ဖတ်ထားလိုက်ပါ။ ဆား ထပ်ထည့်ပြီး သမအောင် ထပ်နယ်ပေးရပါမယ်။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ထားပါ။ ဒယ်အိုးအနှံ့ ဆီများ ပျံ့နှံ့သွားဖို့ရန်အတွက် ဒယ်အိုးလက်ကိုင်ကို အနည်းငယ်စောင်းပေးလိုက်ပါ။

၃။ ထို့နောက် မုန်လာဖတ်များကို အိုးထဲထည့်လိုက်ပြီး အဝိုင်းပုံသဏ္ဍာန် ဖြန့်ကျက်လိုက်ပါ။ ၅ မိနစ်ခန့် ကြော်ပြီးတဲ့အခါမှာတော့ အခြားတစ်ဖက်သို့ လှန်လိုက်ပြီး နောက်ထပ် ၅ မိနစ်ခန့် ထပ်ကြော်ပေးရပါမယ်။

၄။ ကျန်ရှိနေတဲ့ မုန်လာမုန့်နှစ်များကို အထက်ပါနည်းအတိုင်း ဆက်ကြော်ပေးလိုက်ပါ။

အားလုံးကြော်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ မုန်လာဥနီပန်ကိတ်လေး ရရှိသွားပါပြီ။ ကြက်သွန်မြိတ်လေးကို အပေါ်မှ ဖြူးထည့်လိုက်ပါ။ ပြီးရင်တော့ မိမိနှစ်သက်တဲ့ အချဉ်ဆော့စ် တစ်မျိုးမျိုးဖြင့် အရသာရှိရှိ တို့စားနိုင်ပါပြီ။

Source: Spicetheplate.com