ပဲသီးကလေ ခါတိုင်းတော့ ပြုတ်သုပ်တယ် ။ ခုဟာက ပေါင်းပီးသုတ် လိုက်တယ် ။ ပေါင်းပီးသုတ်တာ ပိုပီးလှ ပိုပီး အရသာ ရှိပါတယ် ။
ပါဝင်ပစ္စည်း
- ပဲသီး
- ကြက်သွန်နီ နှစ်လုးံ
- ကြက်သွန်ဖြူ လေးတက်
- ပုဇွန်ခြောက်တစ်ဇွန်း
- မြေပဲလှော်
- ပုဇွန်ငံပြာရည်
- ဆား
- အချိုမှုန့်
- ဆီ
- မြေပဲကြော်
ပြင်ဆင်ပြုလုပ်နည်း
- သုတ်တာကတော့ ကြက်သွန်နီ နှစ်လုးံကြော် ဆယ်ထားပါ ။
- ကြက်သွန်ဖြူ လေးတက် ၊ ပုဇွန်ခြောက် တစ်ဇွန်း ထောင်းပြီး ဆီသက်ပါတယ် ။
- မြေပဲလှော် ထောင်း ၊ ပုဇွန်ငံပြာရည် ၊ ဆား ၊ အချိုမှုန့် တို့နဲ့ သုတ်ထားပါတယ် ။
- မြေပဲကြော်လေး ရှိတာနဲ့ ဘေးက ဖြူးထည့် လိုက်ပါတယ် ။
Credit: Daw Suu Suu