(Unicode)
အားလုံးပဲ မင်္ဂလာပါ။ ပုံမှန်ဆိုရင် ထမင်းကြော်ကြော်ရင် ကြက်ဥကို နောက်ဆုံးမှ ဖောက်ထည့်လေ့ရှိပါတယ်။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ ကြက်ဥအစိမ်းကို ထမင်းနဲ့ သေသေချာချာနယ်ဖတ်ပြီးမှ ကြော်ရမယ့် ဝက်သား ဟင်းရွက်စုံထမင်းကြော် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပုံမှန်ကြော်နေကျ ထမင်းကြော်တွေထက် ပိုအရသာရှိတယ်ဆိုတာကိုတော့ ကိုယ်တိုင်ကိုယ်ကျကြော်စားကြည့်မှပဲ သိမှာနော်။
ပါဝင်ပစ္စည်းများ
• ထမင်း ပန်းကန်လုံး ၂ လုံးစာခန့်
• ကြက်ဥ ၂ လုံး (ခပ်ပြင်းပြင်း မွှေခလောက်ထားပါ)
• နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
• ဝက်သား ၇ အောင်စ (ကုဗတုံးပုံသဏ္ဍာန် တုံးထားပါ)
• ဟင်းရွက်စုံ ၃၀၀ ဂရမ် (ပြောင်းဖူး၊ မုန်လာဥနီ၊ ပဲတောင့်ရှည်၊ ရွှေပဲသီး စသည်)
• ကြော်လှော်ရန်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
• ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
• ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ထမင်းကို ပန်းကန်လုံးအကြီးတစ်လုံးထဲထည့်ပြီး ကြက်ဥနှင့် နှမ်းဆီတို့ဖြင့် သမအောင် နယ်လိုက်ပါ။
၂။ အိုးထဲသို့ ရေထည့်ပြီး ဟင်းသီးဟင်းရွက်များ အားလုံးကို ၂ မိနစ်ခန့် တည်ထားလိုက်ပါ။
၃။ ဒယ်အိုးထဲသို့ ဆီထည့်ပြီး ဆီပူလာပါက အသားတုံးများကို ၃ မိနစ်ခန့် ကြော်လိုက်ပါ။ အသားများ အညိုဖျော့ရောင် ပြောင်းသွားပါက ပန်းကန်ထဲသို့ ဆယ်ယူထားလိုက်ပါ (ဆီကိုတော့ ဒယ်အိုးထဲမှာ ချန်ထားခဲ့လိုက်ပါ)။
၄။ ထိုဒယ်အိုးထဲသို့ ကြက်ဥ၊ နှမ်းဆီတို့ဖြင့် နယ်ထားတဲ့ ထမင်း ထည့်ပြီး ၇ မိနစ်ခန့် ကြော်ပေးလိုက်ပါ။
၅။ မီးအပူချိန်ကို ထပ်မြင့်လိုက်ပြီး ဟင်းသီးဟင်းရွက်များကို ထမင်းထဲ ထည့်ကြော်လိုက်ပါ။
၆။ ဆားနှင့် ငရုတ်ကောင်းတို့ ထည့်ပြီး အရသာအပေါ့အငန် မြည်းကြည့်လိုက်ပါ။
၇။ ရရှိလာတဲ့ ထမင်းကြော်ကို ပန်းကန်ပြားထဲ ပြောင်းထည့်ပြီးနောက် ကြက်သွန်မြိတ်များဖြင့် အလှဆင်ကာ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။
တကယ်လို့ သင့်အနေနဲ့ ကြက်ဥ Half-Fried နဲ့ တွဲဖက်စားသုံးချင်တယ်ဆိုရင်လည်း ကြက်ဥ Half-Fried တစ်လုံးဖြင့် အလှဆင်ကာ မြိန်ယှက်စွာသုံးဆောင်နိုင်ပါတယ်။
Source: Spicetheplate.com
(Zawgyi)
အားလံုးပဲ မဂၤလာပါ။ ပံုမွန္ဆိုရင္ ထမင္းေၾကာ္ေၾကာ္ရင္ ၾကက္ဥကို ေနာက္ဆံုးမွ ေဖာက္ထည့္ေလ့ရွိပါတယ္။ ဒါေပမဲ့ ဒီတစ္ခါမွာေတာ့ ၾကက္ဥအစိမ္းကို ထမင္းနဲ႔ ေသေသခ်ာခ်ာနယ္ဖတ္ၿပီးမွ ေၾကာ္ရမယ့္ ဝက္သား ဟင္းရြက္စံုထမင္းေၾကာ္ ျပဳလုပ္နည္းကို ေဝမွ်ေပးခ်င္ပါတယ္။
ပံုမွန္ေၾကာ္ေနက် ထမင္းေၾကာ္ေတြထက္ ပိုအရသာရွိတယ္ဆိုတာကိုေတာ့ ကိုယ္တိုင္ကိုယ္က်ေၾကာ္စားၾကည့္မွပဲ သိမွာေနာ္။
ပါဝင္ပစၥည္းမ်ား
- ထမင္း ပန္းကန္လံုး ၂ လံုးစာခန္႔
- ၾကက္ဥ ၂ လံုး (ခပ္ျပင္းျပင္း ေမႊခေလာက္ထားပါ)
- ႏွမ္းဆီ စားပြဲတင္ဇြန္း ၁ ဇြန္း
- ဝက္သား ၇ ေအာင္စ (ကုဗတံုးပံုသ႑ာန္ တံုးထားပါ)
- ဟင္းရြက္စံု ၃၀၀ ဂရမ္ (ေျပာင္းဖူး၊ မုန္လာဥနီ၊ ပဲေတာင့္ရွည္၊ ေရႊပဲသီး စသည္)
- ေၾကာ္ေလွာ္ရန္ဆီ စားပြဲတင္ဇြန္း ၁ ဇြန္း
- ဆားႏွင့္ ငရုတ္ေကာင္းမႈန္႔ အနည္းငယ္
- ၾကက္သြန္ၿမိတ္ ၁ ပင္ (ပါးပါးလွီးထားပါ)
ျပဳလုပ္နည္း အဆင့္ဆင့္
၁။ ထမင္းကို ပန္းကန္လံုးအႀကီးတစ္လံုးထဲထည့္ၿပီး ၾကက္ဥႏွင့္ ႏွမ္းဆီတို႔ျဖင့္ သမေအာင္ နယ္လိုက္ပါ။
၂။ အိုးထဲသို႔ ေရထည့္ၿပီး ဟင္းသီးဟင္းရြက္မ်ား အားလံုးကို ၂ မိနစ္ခန္႔ တည္ထားလိုက္ပါ။
၃။ ဒယ္အိုးထဲသို႔ ဆီထည့္ၿပီး ဆီပူလာပါက အသားတံုးမ်ားကို ၃ မိနစ္ခန္႔ ေၾကာ္လိုက္ပါ။ အသားမ်ား အညိဳေဖ်ာ့ေရာင္ ေျပာင္းသြားပါက ပန္းကန္ထဲသို႔ ဆယ္ယူထားလိုက္ပါ (ဆီကိုေတာ့ ဒယ္အိုးထဲမွာ ခ်န္ထားခဲ့လိုက္ပါ)။
၄။ ထိုဒယ္အိုးထဲသို႔ ၾကက္ဥ၊ ႏွမ္းဆီတို႔ျဖင့္ နယ္ထားတဲ့ ထမင္း ထည့္ၿပီး ၇ မိနစ္ခန္႔ ေၾကာ္ေပးလိုက္ပါ။
၅။ မီးအပူခ်ိန္ကို ထပ္ျမင့္လိုက္ၿပီး ဟင္းသီးဟင္းရြက္မ်ားကို ထမင္းထဲ ထည့္ေၾကာ္လိုက္ပါ။
၆။ ဆားႏွင့္ ငရုတ္ေကာင္းတို႔ ထည့္ၿပီး အရသာအေပါ့အငန္ ျမည္းၾကည့္လိုက္ပါ။
၇။ ရရွိလာတဲ့ ထမင္းေၾကာ္ကို ပန္းကန္ျပားထဲ ေျပာင္းထည့္ၿပီးေနာက္ ၾကက္သြန္ၿမိတ္မ်ားျဖင့္ အလွဆင္ကာ အရသာရွိရွိသံုးေဆာင္ႏိုင္ပါၿပီ။
တကယ္လို႔ သင့္အေနနဲ႔ ၾကက္ဥ Half-Fried နဲ႔ တြဲဖက္စားသံုးခ်င္တယ္ဆိုရင္လည္း ၾကက္ဥ Half-Fried တစ္လံုးျဖင့္ အလွဆင္ကာ ၿမိန္ယွက္စြာသံုးေဆာင္ႏိုင္ပါတယ္။
Source: Spicetheplate.com