MyFood Myanmar ရဲ့ စာဖတ်ပရိတ်သတ်တို့အတွက် မနက်ခင်းအချိန်အခါမှာ မနက်စာအဖြစ် စားသုံးနိုင်သလို နေ့ခင်းနေ့လည်အချိန်မှာလည်း သရေစာအဖြစ် စားသုံးနိုင်တဲ့ တန်ပူရာအကြော်စုံ ပြုလုပ်နည်းကို မိမိအားလပ်ရက်တွေမှာ လုပ်စားနိုင်ဖို့အတွက် ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကန်စွန်းဥ ၁ လုံး (အခွံခွာပြီး အဝိုင်းလိုက် ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ ၂ လုံး (အကွင်းလိုက် လှီးဖြတ်ထားပါ)
  • ပန်းဂေါ်ဖီစိမ်း တစ်ပွင့် (အနေတော်အတုံး လှီးဖြတ်ထားပါ)
  • မှို အနည်းငယ် (အနေတော် လှီးဖြတ်ထားပါ)
  • ပုစွန် ၁၂ ကောင် (အခွံချွတ်ထားပါ)

  • ဟင်းသီးဟင်းရွက်ဆီ
  • ရေခဲရေ ၄၁၂ မီလီလီတာ
  • ဂျုံမှုန့် ၁၇၀ ဂရမ်
  • ကြက်ဥအနှစ် ၂ လုံး

ပြုလုပ်နည်း အဆင့်ဆင့်

၁။ မုန့်နှစ်ပြုလုပ်ရန်အတွက် ရေခဲရေ၊ ဂျုံမှုန့်နှင့် ကြက်ဥအကာတို့ကို သမသွားအောင် မွှေခလောက်ပေးလိုက်ပါ။

၂။ ရရှိလာတဲ့မုန့်နှစ်ထဲသို့ ကန်စွန်းဥ၊ ကြက်သွန်ကွင်း၊ မှို၊ ပုစွန် စသည့်အစားအစာများကို ထည့်နှစ်ပေးလိုက်ပါ။

၃။ ဒယ်အိုးအသေးတစ်လုံးကို အပူပေးပြီးနောက် ဆီထည့်ပါ။ ဆီပူလာပါက ဟင်းသီးဟင်းရွက်နှင့် ပုစွန်များကို တစ်ခုချင်းစီ ထည့်ကြော်ပေးလိုက်ပါ။ ၄၅ စက္ကန့်ပြည့်ပါက အခြားတစ်ဖက်သို့လှန်ပြီး နောက်ထပ် ၄၅ စက္ကန့် ထပ်ကြော်ပေးလိုက်ပါ။ ၃ ကြိမ်၊ ၄ ကြိမ်ခန့် လှန်ကာ ကြော်ပေးဖို့ လိုအပ်ပါတယ်။

၄။ အားလုံးကြော်ပြီးသွားတဲ့အခါမှာတော့ ပူပူနွေးနွေးလေးနဲ့ အရသာအင်မတန်ရှိတဲ့ တန်ပူရာအကြော်စုံလေး ရရှိသွားပါပြီ။

မိမိကြိုက်နှစ်သက်ရာအချဉ်ရည်၊ ဆော့စ်တို့ဖြင့် အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Thewoksoflife.com