အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အမဲသားအစာသွပ် ထည့်လိပ်ထားတဲ့ ဂေါ်ဖီဟင်းထုပ် နူးနူးအိအိလေး ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • နုပ်နုပ်စဉ်းထားသော အမဲသား ၂၀၀ ဂရမ် (ဝက်သား သို့မဟုတ် ကြက်သားကိုလည်း အသုံးပြုနိုင်ပါတယ်)
  • ဆားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်
  • Panko ပေါင်မုန့်အကြေအစများ ၂၀ ဂရမ်
  • နွားနို့ စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်ဥ ၁ လုံး

  • ကြက်သွန်နီ ၇၀ ဂရမ် (နုပ်နုပ်စဉ်းထားပါ)
  • ဂေါ်ဖီထုပ် ၁ ထုပ်
  • ခရမ်းချဉ်သီးဆော့စ် စားပွဲတင်ဇွန်း ၁၉ ဇွန်း၊ ၂၀ ဇွန်းခန့်
  • ရေနွေးပူ ၂၅၀ မီလီလီတာမှ ၃၀၀ မီလီလီတာအထိ
  • ဝက်ပေါင်ခြောက် ၃၀ ဂရမ် (အချောင်းလိုက် ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဂေါ်ဖီထုပ်ရဲ့ အလယ်အူတိုင်ကို ဓားဖြင့် လှီးထုတ်ထားပါ။

၂။ ထိုဂေါ်ဖီထုပ်ကို ပန်းကန်လုံးထဲထည့်ပြီးနောက် ပလပ်စတစ်အုပ်ထားလိုက်ပါ။ ထို့နောက် မိုက်ခရိုဝေ့ဗ်ထဲတွင် ၁၀ မိနစ်ခန့် ထည့်ပေါင်းလိုက်ပါ။ (၁၀ မိနစ် ထည့်ပေါင်းတာတောင် မနူးအိသေးဘူးဆိုရင်တော့ နောက်ထပ် ၃ မိနစ်၊ ၅ မိနစ်ခန့် ထပ်ပေါင်းပေးရပါမယ်)

၃။ ထို့နောက် ဂေါ်ဖီထုပ်ကို တစ်လွှာချင်း ဆွဲခွာလိုက်ပါ။ ဂေါ်ဖီရွက်ရဲ့ မာနေသော အူတိုင်ကို ဓားဖြင့် ဖယ်ရှားလိုက်ပါ။ စုစုပေါင်း ဂေါ်ဖီရွက် ပျမ်းမျှ ၁၇ ရွက်ခန့် ရပါလိမ့်မယ်။

၄။ နောက်တစ်ဆင့် အနေနဲ့ အသားအစာသွပ် ပြုလုပ်ရပါမယ်။ ပန်းကန်လုံးအကြီးတစ်လုံးထဲမှာ နွားနို့နှင့် ပေါင်မုန့်အကြေအစများကို သမအောင် နယ်ထားလိုက်ပါ။ ထို့နောက် တစ်မိနစ်ခန့် နှပ်ထားလိုက်ပါ။

၅။ အခြားပန်းကန်လုံးတစ်လုံးထဲတွင် အမဲသားကို ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် သမအောင် နယ်ထားလိုက်ပါ။ ထို့နောက် စောစောက နွားနို့ ပေါင်မုန့်အရောအနှောထည့်ပါ။ ကြက်ဥထည့်ပြီး သမအောင် နယ်ပေးလိုက်ပါ။

၆။ နုပ်နုပ်စသ်းထားသော ကြက်သွန်နီထည့်ပြီး သမအောင် ထပ်နယ်ပေးရပါမယ်။

၇။ နောက်ဆုံးမှာတော့ အမဲသားအစာသွပ်ကို ပုံမှန်ပြထားတဲ့အတိုင်း ၈ ပိုင်း အညီအမျှ ပိုင်းထားလိုက်ပါ။ အစိတ်အပိုင်း ၁ ခုစီအတွက် ဂေါ်ဖီရွက် ၂ ရွက် အသုံးပြုရပါမယ်။

၈။ နောက်တစ်ဆင့်ကတော့ ဟင်းထုပ်ပြုရမယ့် အဆင့်ပါပဲ။

အရင်ဆုံး စဉ်းနီတုံးပေါ်မှာ ဂေါ်ဖီရွက် ၂ ရွက် အဆင်သင့် တင်ထားပါ။ ထို့နောက် ဂေါ်ဖီရွက်တစ်ရွက်ပေါ်မှာ အသားအစာသွပ်ထည့်ပြီး လိပ်လိုက်ပါ။ ထိုဂေါ်ဖီရွက်ပေါ်ကနေ နောက်တစ်ရွက် ထပ်လိပ်လိုက်ပါ။ ပြီးရင်တော့ သွားကြားထိုးတံဖြင့် မြဲအောင် ထိုးထားလိုက်ပါ။

၉။ ဟင်းထုပ်များ အားလုံး ထုပ်ပြီးသွားတဲ့အခါမှာတော့ အိုးတစ်လုံး (သို့) Slow Cooker ထဲ အစီအရီ ထည့်ထားလိုက်ပါ။

၁၀။ ခရမ်းချဉ်သီးဆော့စ် ထည့်ပါ။ ရေနွေးပူထည့်ပါ။ ဝက်ပေါင်ခြောက်ထည့်ပါ။

၁၁။ နောက်ဆုံးကျန်တဲ့ ဂေါ်ဖီရွက်တစ်ရွက်ကို အပေါ်ကနေ အုပ်ပေးလိုက်ပါ။

၁၂။ ထို့နောက် အိုးအဖုံး ဖုံးပြီးနောက် ၃ နာရီခန့် ပေါင်းပေးရပါမယ်။

သတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာတော့ အရသာရှိတဲ့ အမဲသားအစာသွပ် ဂေါ်ဖီဟင်းထုပ်လေး ရရှိသွားပါပြီ။ ပန်းကန်ထဲ ထည့်ကာ အရသာရှိရှိ သုံးဆောင်လိုက်ပါ။

သွားကြားထိုးတံကို ဖြုတ်ဖို့လည်း မမေ့နဲ့ဦးနော်။

Source : Cookingwithdog.com