အားလုံးပဲ မင်္ဂလာပါ။ ကြက်သားဟင်းကို အချိုချက်၊ အစပ်ချက်နဲ့ စားနေရတာ ငြီးငွေ့နေပြီလား။ ပူစီနံရွက်၊ ငရုတ်သီးတောင့်လေးတွေနဲ့ ရောကြော်ရင်း ဆန်းသစ်တဲ့အရသာကို ဖန်တီးကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

• ကြက်ရင်အုံသား ဝ.၅ ပေါင်
• ငရုတ်သီး ၂ တောင့် (ပါးပါးလှီးထားပါ)
• ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
• ပူစီနံရွက် လက်တစ်ဆုပ်စာခန့်
• ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း

• ငါးငံပြာရည်နှင့် ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်းစီ
• ပဲငံပြာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း
• သကြား လက်ဖက်ရည်ဇွန်းတစ်ဝက်
• ဆားနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစီ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ကြက်သားတုံးများကို ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ဖြင့် နယ်ထားပြီး အသားထဲသို့ စိမ့််ဝင်ဖို့ရန်အတွက် ၁၅ မိနစ်ခန့် စိမ်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သားတုံး တစ်ဖက်စီကို ၃ မိနစ်စီ ကြော်ပေးရပါမယ်။

၃။ ထို့နောက် ကြက်သားတုံးကို အအေးခံပါ။ အေးသွားပါက အနေတော် အတုံးလေး တုံးထားလိုက်ပါ။

၄။ ပဲငံပြာရည်၊ ငါးငံပြာရည်၊ ခရုဆီနှင့် သကြားတို့ကို ပန်းကန်လုံးတစ်လုံးထဲမှာ ထည့်ထားပြီးနောက် သမအောင် မွှေပေးလိုက်ပါ။

၅။ ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း ထပ်ထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူနှင့် ငရုတ်သီးတောင့်တို့ထည့်ကာ ၂ မိနစ်ခန့် ဆီသတ်ပေးလိုက်ပါ။ ထို့နောက် စောစောက ကြက်သားတုံးများကို ဒယ်အိုးထဲထည့်ကာ ပြန်ကြော်ပေးရပါမယ်။

၆။ ၂ မိနစ်ခန့်ကြော်ပြီးပါက ကြက်သားထဲသို့ စောစောက မွှေထားသော ငံပြာရည်အရောအနှောများကို လောင်းထည့်လိုက်ပါ။ ပူစီနံရွက်ထည့်ကာ ၂ မိနစ်ခန့် အနံ့မွှေးလာသည်အထိ ကြော်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အနံ့မွှေးမွှေးလေးနဲ့ အရသာရှိတဲ့ ပူစီနံ ကြက်သားကြော်လေးကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Spicetheplate.com