အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခေါက် ဝေမျှပေးမယ့် ဟင်းလျာလေးကတော့ ထိုင်းစတိုင်လ် အမဲသားသုပ် ဟင်းလျာပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆားနှင့် ငရုတ်ကောင်းမှုန့်
  • သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆလပ်ရွက် ၁၅၀ ဂရမ်
  • ခရမ်းချဉ်သီး တစ်လုံး (အတုံးသေးသေးတုံးထားပါ)
  • ပါးပါးလှီးထားသော ပင်စိမ်းရွက် လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် တရုတ်နံနံ လက်ဖက်ရည်ဇွန်း ၃ ဇွန်း

  • အမဲသား ၃၅၀ ဂရမ်
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ တစ်လုံး (ပါးပါးလှီးထားပါ)

အသုပ်ပြုလုပ်ရန်အတွက် ဖော်စပ်ရမည့် အချဉ်ရည်

  • သံလွင်ဆီ လက်ဖက်ရည်ဇွန်း ၄ ဇွန်း
  • ငရုတ်သီးတောင့် ၁ တောင့် (ပါးပါးလှီးထားပါ)
  • သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သံပုယိုရည် လက်ဖက်ရည်ဇွန်း ၄ ဇွန်း
  • ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

(ထိုပါဝင်ပစ္စည်း ၅ မျိုးစလုံးကို သမအောင် ရောစပ်ပြီးနောက် အချဉ်ဖော်စပ်လိုက်ပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အမဲသားကို ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် နယ်ထားပါ။

၂။ ဒယ်အိုးကို အပူပေးကာ သံလွင်ဆီထည့်ပြီးနောက် အမဲသားများ ကျက်သည်အထိ ချက်ပေးရပါမယ်။

၃။ ကျက်သွားသည့် အမဲသားကို ဆီစုပ်စက္ကူစ သန့်သန့်လေးပေါ်တင်ထားလိုက်ပါ။

၄။ ထို့နောက် အမဲသားကို အနေတော်အရွယ်အစား လှီးဖြတ်ရပါမယ်။

၅။ ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် ဆလပ်ရွက်၊ ခရမ်းချဉ်သီး၊ ပင်စိမ်းရွက်၊ နံနံပင်၊ ကြက်သွန်မြိတ်နှင့် ကြက်သွန်နီတို့ ထည့်လိုက်ပါ။

၆။ ပါးပါးလှီးထားသော အမဲသားထည့်ပြီး ဖော်စပ်ထားသော အချဉ်ရည်များကို လောင်းထည့်ကာ သမအောင် နယ်ပေးလိုက်ပါ။

အရသာ အပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ ထိုင်းစတိုင်လ် အမဲသားသုပ်ဟင်းလျာလေး ရရှိသွားပြီပဲဖြစ်ပါတယ်။

Source: arieskitchen.net