ထိုင်းအစားအစာလို့ ပြောလိုက်တာနဲ့ ချဉ်ချဉ်စပ်စပ်အစားအစာတွေကို ပြေးမြင်မိကြပါလိမ့်မယ်။ စာဖတ်သူအနေနဲ့ ထိုင်းအစားအစာ ချဉ်ချဉ်စပ်စပ်လေးကိုလည်း စားသုံးချင်တယ် ဟင်းသီးဟင်းရွက်သုပ်ကိုလည်း အရံဟင်းအနေနဲ့ မြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ထိုင်းစတိုင်လ် သခွားသီးသုပ် ပြုလုပ်နည်းကို အတူတူလေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ဆန်ရှာလကာရည် စားပွဲတင်ဇွန်း ၅ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
  • နှမ်းဆီ လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်

  • သခွားသီး ၂ လုံး
  • ကြက်သွန်မြိတ် ၃ ပင်
  • မြေပဲ စားပွဲတင်ဇွန်း ၄ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် ဆန်ရှာလကာရည်၊ သကြား၊ နှမ်းဆီ၊ ငရုတ်သီးမှုန့်နှင့် ဆားတို့ကို သမအောင် ရောမွှေထားလိုက်ပါ။

၂။ သခွားသီးကို အခွံခွာပြီး အဝိုင်းလိုက် ပါးပါးလှီးထားပါ။ ကြက်သွန်မြိတ်ကိုလည်း ပါးပါးလှီးပါ။ မြေပဲများကိုလည်း အကြမ်းဖျဉ်းခန့် ထုထောင်းထားလိုက်ပါ။

၃။ သခွားသီးကို ပန်းကန်လုံးအကြီးထဲထည့်ပြီးနောက် အဆင့် (၁) က ရောမွှေထားသော ဆန်ရှာလကာရည်အရောအနှောများကို ပန်းကန်ထဲသို့ လောင်းထည့်ကာ သမအောင် နယ်ပေးလိုက်ပါ။ မြေပဲနှင့် ကြက်သွန်မြိတ်တို့ထည့်ကာ သမအောင် ထပ်မံရောနယ်ပေးရပါမယ်။

ဒါဆိုရင် ထိုင်းစတိုင်လ် သခွားသီးသုပ် စပ်စပ်လေးကို ထမင်းနဲ့အတူတူ အရသာရှိရှိ စားသုံးနိုင်ပါပြီ။

Source: Budgetbytes.com