အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ထမင်းကြော်ချစ်သူများ အကြိုက်တွေ့စေမယ့် ထိုင်းစတိုင်လ် ကြက်သားထမင်းကြော် ပြင်ဆင်ချက်ပြုတ်နည်းလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်နီ စားပွဲတင်ဇွန်း ၅ ဇွန်းစာ (ပါးပါးလှီးထားပါ)
  • မုန်လာဥနီ စားပွဲတင်ဇွန်း ၅ ဇွန်းစာ (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)
  • ကြက်သားပြုတ် စားပွဲတင်ဇွန်း ၈ ဇွန်း (လက်မဝက်ပတ်လည်အတုံး တုံးထားပါ)

  • ထိုင်း ငရုတ်သီးဆော့စ် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • သကြားညို လက်ဖက်ရည်ဇွန်း ၄ ပုံ ၃ ပုံ
  • ပန်းဂေါ်ဖီစိမ်း ပန်းကန်လုံး ၁ လုံးစာ (အနေတော်အတုံး တုံးထားပါ)
  • ရွှေပဲသီး (သို့) ပဲလိပ်ပြာ (သို့) ပဲတောင့်ရှည် စားပွဲတင်ဇွန်း ၈ ဇွန်း
  • ထမင်း ပန်းကန်လုံး ၁ လုံးစာ၊ ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် မုန်လာဥနီတို့ထည့်ကာ ၁ မိနစ်၊ ၂ မိနစ် မွှေကြော်လိုက်ပါ။

၂။ ထို့နောက် ထိုင်း ငရုတ်သီးဆော့စ်၊ ကြက်သားနှင့် သကြားညိုတို့ထည့်ကာ ၁ မိနစ်ခန့် မွှေကြော်ပါ။ ထို့နောက် ပန်းဂေါ်ဖီစိမ်းနှင့် ပဲလိပ်ပြာတို့ထည့်ကာ ၂ မိနစ်ခန့် ကြော်ပါ။

၃။ ပြီးမှ ထမင်းထည့်ကာ သမအောင် ရောကြော်ပါ။ ငရုတ်သီးဆော့စ်ကြောင့် ထမင်းက အနီရောင်ပြောင်းသွားသည်အထိ ကြော်ပေးရပါမယ်။

ထို့နောက်အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။ ပန်းဂေါ်ဖီစိမ်းနှင့် ပဲလိပ်ပြာတို့ နူးအိသွားပြီဆိုရင်တော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ထိုင်းစတိုင်လ် ကြက်သားထမင်းကြော် စပ်စပ်လေး ရရှိသွားပါပြီ။

Source: Drivemehungry.com