အားလုံးပဲ မင်္ဂလာပါ။ ကြာဇံပြုတ် ကြိုက်နှစ်သက်ကြသူများအတွက် ဒီတစ်ခါမှာတော့ မုန်လာဥနီ၊ မုန်ညှင်းထုပ်၊ တို့ဟူးတို့အပြင် ဝက်သားလုံးလေးပါ ထည့်ပြုတ်ထားတဲ့ ကြာဇံပြုတ် ပြုလုပ်ပြင်ဆင်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြာဇံ ၁၈၀ ဂရမ်
  • ဟင်းသီးဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ကြက်ပြုတ်ရည် (သို့) ဝက်သားပြုတ်ရည် (သို့) ဟင်းရွက်ပြုတ်ရည် ၁ လီတာ
  • ကြက်သွန်ဖြူ ၄ မြွှာ (ဓားပြားရိုက်ထားပါ)
  • မုန်ညှင်းထုပ် ၆ ရွက် (အနေတော် လှီးဖြတ်ထားပါ)

  • မုန်လာဥနီ တစ်ဝက် (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • ငါးငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ငရုတ်ကောင်းမှုန့် အနည်းငယ်

Source: Flickr.com

  • ဂျပန်တို့ဟူး ၁ တုံး
  • နံနံပင် အနည်းငယ်
  • နုပ်နုပ်စဉ်းထားသော ဝက်သား ၁၅၀ ဂရမ်
  • ပဲငံပြာရည်အကြည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ နုပ်နုပ်စဉ်းထားသော ဝက်သားများကို ပဲငံပြာရည်အကြည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ဖြင့် သမအောင် နယ်ထားပါ။ ထို့နောက် ဝက်သားလုံး သေးသေးလေးများဖြစ်သွားအောင် လုံးပေးလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူထည့်ကာ စက္ကန့် ၃၀ ခန့် ဆီသတ်ပါ။

၃။ ထို့နောက် အိုးထဲသို့ ကြက်ပြုတ်ရည် (သို့) ဝက်သားပြုတ်ရည် (သို့) ဟင်းရွက်ပြုတ်ရည်တို့ထည့်ကာ ဆူပွက်လာအောင် တည်ထားပါ။

၄။ ပွက်ပွက်ဆူလာပါက ဝက်သားလုံး၊ ကြက်သွန်နီ၊ မုန်ညှင်းထုပ်၊ မုန်လာဥနီတို့ထည့်ကာ နူးအိသွားသည်အထိ တည်ပါ။

၅။ ထို့နောက် ကြာဇံများထည့်ကာ သမအောင် မွှေပါ။

၆။ နောက်တစ်ဆင့်အနေနဲ့ ငါးငံပြာရည်၊ သကြားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပါ။

၇။ ထို့နောက် ဂျပန်တို့ဟူးထည့်ကာ သမအောင် မွှေပါ။ အရသာအပေါ့အငန် မြည်းကြည့်ပြီးနောက်မှာတော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ထို့နောက် ပန်းကန်လုံးလေးထဲထည့်ကာ နံနံပင် အနည်းငယ် ထည့်ပြီး အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Asianinspirations.com