သရက်သီး ပေါ်တဲ့ ရာသီလည်း ရောက်လာပြီဆိုတော့ အခုအချိန်မှာ သရက်သီးကို ချဉ်ချဉ်စပ်စပ်လေး သုတ်စားလို့ရရင်… သွားရည်တောင် ကျလာပြီနော်။

သရက်သီး အစိမ်းလေးကို ထိုင်းစတိုင်လ် သုပ်စားကြည့်ရအောင်။

ပါဝင်ပစ္စည်းများ (လူ ၄ ယောက်စာ)

ပုစွန်ခြောက် စားပွဲတင်ဇွန်း ၂ ဇွန်း

ငရုတ်သီး အနီ ၈ တောင့်

ပါးပါးလှီးထားတဲ့ ကြက်သွန်ဖြူ ၄ ဥ

ကြက်သွန်နီ တစ်လုံးရဲ့ တစ်ဝက် (ပါးပါးလှီးထားပါ)

မမှည့်သေးတဲ့ သရက်သီး အလတ်ဆိုဒ် ၃ လုံး (ရေဆေးပြီး အခွံနွှာထားပါ၊ ခြစ်နဲ့ ခြစ်ထားပါ။)

ပဲတီးရှည်တောင့် ၅ တောင့် (၂ လက်မ အရွယလေးတွေ လှီးထားပါ)

ခရမ်းချဉ်သီး အသေး ၁၄ တောင့် (ထက်ဝက် ပိုင်းထားပါ)

ငါးငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း

သံပုရာ ရည် စားပွဲတင်ဇွန်း ၂ ဇွန်း

သကြား အညိုရောင် လက်ဖက်ရည်ဇွန်း ၄ ဇွန်း

လှော်ထားတဲ့ မြေပဲ စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

ပုစွန်ခြောက်တွေကို ညှပ်နေအောင် ထောင်းပေးပြီး ပန်းကန်လုံး ထဲကို ထည့်ပေးပါ။

ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ တို့ကို ပါ ပါးပါးလှီးပြီး ထောင်းပေးပါ။ ပြီးရင် သရက်သီးကို ထည့်ပြီး ထောင်းပါ။

ပဲသတီး၊ ခရမ်းချဉ်သီးတို့ကိုပါ ထည့်ပြီး ထောင်းပါ။ ငါးငံပြာရည်၊ သံပုရာရည်၊ သကြားတို့ကို ထည့်ပါ ထောင်းပါ။

ထောင်းထားတာတွေကို ပန်းကန်ထဲထည့်ပြီး အပေါ်ကနေ ပုစွန်ခြောက်နဲ့ မြေပဲတို့ထည့်ပြီး အလှဆင်ပေးပါ။