(Unicode)
အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အာလူးချစ်သူများသာမက သတ်သပ်လွတ်သမားများပါ စိတ်ချလက်ချစားသုံးနိုင်တဲ့ အရသာရှိသော ထိုင်းစတိုင်လ် အာလူးဟင်း ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
- ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
- အခွံခွာပြီး ပါးပါးလှီးထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း
- အုန်းနို့ ၂၅၀ မီလီလီတာ
- ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၂ ဇွန်း
- အာလူး ၈ အောင်စ (အခွံခွာပြီး ၁ လက်မပတ်လည် အတုံး လှီးထားပါ)
- သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်
- ကြက်ပြုတ်ရည် ၁၂၅ မီလီလီတာ
- ကြက်သွန်နီ ၈ အောင်စခန့် (ပါးပါးလှီးထားပါ)
ပြုလုပ်နည်း အဆင့်ဆင့်
၁။ အိုးတစ်လုံးကို အလယ်အလယ်မီးအပူချိန်ပေးထားပြီးနောက် ဆီထည့်ပါ။ ကြက်သွန်ဖြူနှင့် ဂျင်းတို့ထည့်ပြီး ၁ မိနစ်ခန့် ဆီသတ်ပေးလိုက်ပါ။
၂။ ကြက်သွန်ဖြူ အနံ့ သင်းသင်းလေးထွက်လာပြီဆိုရင်တော့ အုန်းနို့ထည့်ကာ မွှေပေးလိုက်ပါ။ ထို့နောက် အာလူး၊ ပဲငံပြာရည်၊ သကြား၊ ဆားနှင့် ဟင်းခပ်မှုန့်တို့ထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။ ပြီးရင်တော့ ဆူတဲ့အထိ တည်ထားရပါမယ်။
၃။ ဆူပွက်လာပြီဆိုရင်တော့ ကြက်ပြုတ်ရည် လောင်းထည့်ကာ တည်ထားပေးလိုက်ပါ။
၄။ ကြက်ပြုတ်ရည်လည်း ပွက်ပွက်ဆူလာပြီဆိုရင်တော့ ကြက်သွန်နီထည့်ကာ သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် အာလူးများ နူးအိသွားဖို့ရန်အတွက် ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် ထပ်တည်ထားရပါမယ်။
အာလူးနူးအိသွားပြီဆိုရင်တော့ အရသာအပေါ့အငန်မြည်းစမ်းကြည့်လိုက်ပါ။
ဒါဆိုရင်တော့ အရသာရှိတဲ့ ထိုင်းစတိုင်လ် အာလူးဟင်းလေး ရရှိသွားပါပြီ။ သတ်သပ်လွတ်သမားများလည်း စိတ်ချလက်ချစားသုံးနိုင်တဲ့ ဟင်းလျာတစ်ပွဲပဲဖြစ်ပါတယ်။ ထမင်းနဲ့အတူတူ အရသာရှိရှိသုံးဆောင်လိုက်ပါ။
Source: Pickledplum.com
(Zawgyi)
အားလံုးပဲ မဂၤလာပါ။ ဒီတစ္ခါမွာေတာ့ အာလူးခ်စ္သူမ်ားသာမက သတ္သပ္လြတ္သမားမ်ားပါ စိတ္ခ်လက္ခ်စားသံုးႏိုင္တဲ့ အရသာရွိေသာ ထိုင္းစတိုင္လ္ အာလူးဟင္း ျပဳလုပ္နည္းကို ေဝမွ်ေပးခ်င္ပါတယ္။
ပါဝင္ပစၥည္းမ်ား
- ဟင္းသီးဟင္းရြက္ဆီ စားပြဲတင္ဇြန္း ၂ ဇြန္း
- ၾကက္သြန္ျဖဴ ၂ ျမႊာ (ပါးပါးလွီးထားပါ)
- အခြံခြာၿပီး ပါးပါးလွီးထားေသာ ဂ်င္း စားပြဲတင္ဇြန္း ၁ ဇြန္း
- အုန္းႏို႔ ၂၅၀ မီလီလီတာ
- ပဲငံျပာရည္အၾကည္ စားပြဲတင္ဇြန္း ၂ ဇြန္း
- အာလူး ၈ ေအာင္စ (အခြံခြာၿပီး ၁ လက္မပတ္လည္ အတံုး လွီးထားပါ)
- သၾကား လက္ဖက္ရည္ဇြန္း ၁ ဇြန္း
- ဆား လက္ဖက္ရည္ဇြန္းတစ္ဝက္
- ၾကက္ျပဳတ္ရည္ ၁၂၅ မီလီလီတာ
- ၾကက္သြန္နီ ၈ ေအာင္စခန္႔ (ပါးပါးလွီးထားပါ)
ျပဳလုပ္နည္း အဆင့္ဆင့္
၁။ အိုးတစ္လံုးကို အလယ္အလယ္မီးအပူခ်ိန္ေပးထားၿပီးေနာက္ ဆီထည့္ပါ။ ၾကက္သြန္ျဖဴႏွင့္ ဂ်င္းတို႔ထည့္ၿပီး ၁ မိနစ္ခန္႔ ဆီသတ္ေပးလိုက္ပါ။
၂။ ၾကက္သြန္ျဖဴ အနံ႔ သင္းသင္းေလးထြက္လာၿပီဆိုရင္ေတာ့ အုန္းႏို႔ထည့္ကာ ေမႊေပးလိုက္ပါ။ ထို႔ေနာက္ အာလူး၊ ပဲငံျပာရည္၊ သၾကား၊ ဆားႏွင့္ ဟင္းခပ္မႈန္႔တို႔ထည့္ၿပီး သမေအာင္ ေမႊေပးလိုက္ပါ။ ၿပီးရင္ေတာ့ ဆူတဲ့အထိ တည္ထားရပါမယ္။
၃။ ဆူပြက္လာၿပီဆိုရင္ေတာ့ ၾကက္ျပဳတ္ရည္ ေလာင္းထည့္ကာ တည္ထားေပးလိုက္ပါ။
၄။ ၾကက္ျပဳတ္ရည္လည္း ပြက္ပြက္ဆူလာၿပီဆိုရင္ေတာ့ ၾကက္သြန္နီထည့္ကာ သမေအာင္ ေမႊေပးလိုက္ပါ။ ထို႔ေနာက္ အာလူးမ်ား ႏူးအိသြားဖို႔ရန္အတြက္ ၁၅ မိနစ္၊ မိနစ္ ၂၀ ခန္႔ ထပ္တည္ထားရပါမယ္။
အာလူးႏူးအိသြားၿပီဆိုရင္ေတာ့ အရသာအေပါ့အငန္ျမည္းစမ္းၾကည့္လိုက္ပါ။
ဒါဆိုရင္ေတာ့ အရသာရွိတဲ့ ထိုင္းစတိုင္လ္ အာလူးဟင္းေလး ရရွိသြားပါၿပီ။ သတ္သပ္လြတ္သမားမ်ားလည္း စိတ္ခ်လက္ခ်စားသံုးႏိုင္တဲ့ ဟင္းလ်ာတစ္ပြဲပဲျဖစ္ပါတယ္။ ထမင္းနဲ႔အတူတူ အရသာရွိရွိသံုးေဆာင္လိုက္ပါ။
Source: Pickledplum.com