ခေါက်ဆွဲကြော် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ အမဲသား၊ ဟင်းသီးဟင်းရွက်စုံစုံလင်လင်တို့ဖြင့် ရောကြော်ထားတဲ့ အမဲသား ခေါက်ဆွဲကြော် ကြော်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ဝ.၈ ပေါင် (ဝ.၃၆ ကီလိုဂရမ်) ပါးပါးလှီးထားပါ
  • ခေါက်ဆွဲ ၇.၅ အောင်စ
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • သကြားညို လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • အုန်းဆီ (သို့) ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း

  • မုန်လာဥနီ ၁ လုံး (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ ၁ လုံးနှင့် ကြက်သွန်ဖြူ ၅ မြွှာ (ပါးပါးလှီးထားပါ)
  • လက်မအရွယ်အစားခန့ ဂျင်းတုံး တစ်တုံး
  • ငရုတ်သီး ၂ တောင့် (ပါးပါးလှီးထားပါ)
  • ရှီတာကီမှို ၇ ပွင့် (ပါးပါးလှီးထားပါ)

  • ငရုတ်ပွ အနီ ၁ လုံး (အချောင်းလိုက် ပါးပါးလှီးထားပါ)
  • ပန်းဂေါ်ဖီစိမ်း တစ်ပွင့် (အနေတော်အတုံး လှီးဖြတ်ထားပါ)
  • ပင်စိမ်းရွက် လက်တစ်ဆုပ်စာခန့်နှင့် သံပုရာသီး ၃ စိပ်

ဆော့စ် ပြုလုပ်ရန် လိုအပ်သောပါဝင်ပစ္စည်းများ

  • ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၁၀ ဇွန်း
  • ခရုဆီ စားပွဲတင်ဇွန်း ၃ ဇွန်းနှင့် ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • သကြားညို စားပွဲတင်ဇွန်း ၂ ဇွန်း
  • ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပဲငံပြာရည်နှင့် သကြားညို လက်ဖက်ရည်ဇွန်း တစ်ဇွန်းတို့ကို သမအောင် ရောမွှေပြီးနောက် အမဲသားပေါ် လောင်းထည့်လိုက်ပါ။ ထို့နောက် သမအောင် ရောမွှေပါ။

၂။ ခေါက်ဆွဲများကို ရေနွေးပူထဲ ထည့်ပြုတ်ပြီးနောက် ခေါက်ဆွဲကျက်သွားပါက ရေအေးထဲတွင် ဆေးချလိုက်ပါ။

၃။ ပန်းကန်လုံးတစ်လုံးထဲတွင် ကြက်ပြုတ်ရည်၊ ခရုဆီ၊ ငါးငံပြာရည်၊ သကြားညို စားပွဲတင်ဇွန်း ၂ ဇွန်း၊ ငရုတ်သီးမှုန့်နှင့် ပြောင်းမှုန့်တို့ထည့်ကာ သမအောင် ရောမွှေပါ။

၄။ ဒယ်အိုးကို အပူပေးပြီးနောက် ဆီ စားပွဲတင်ဇွန်း ၃ ဇွန်းထည့်ပါ။ ဆီပူလာပါက ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းနှင့် ငရုတ်သီးတို့ထည့်ကာ ၂ မိနစ်ခန့် ဆီသတ်ပါ။

၅။ ထို့နောက် အမဲသားထည့်ပြီး ၃ မိနစ်ခန့် မွှေကြော်ပါ။ အမဲသားကြော်နေစဉ်အတွင်းမှာ ကြက်ပြုတ်ရည်ဆော့စ် စားပွဲတင်ဇွန်း ၃ ဇွန်းခန့်ကို နည်းနည်းချင်းစီလောင်းထည့်ကာ မွှေကြော်ပါ။

၆။ ထို့နောက် မုန်လာဥနီထည့်ကာ ၂ မိနစ်ခန့် မွှေကြော်ပါ။

၇။ မှို၊ ငရုတ်ပွနှင့် ပန်းဂေါ်ဖီစိမ်းတို့ထည့်ကာ ဟင်းရွက်အားလုံး ပျော့သွားသည်အထိ မွှေကြော်ပါ။

၈။ နောက်ဆုံးမှာတော့ ခေါက်ဆွဲများထည့်ကြော်ပါ။ ကျန်ရှိနေသော ကြက်ပြုတ်ရည်အားလုံး လောင်းထည့်ကာ ၄ မိနစ်၊ ၆ မိနစ်ခန့် မွှေကြော်ပါ။

၉။ ထို့နောက် အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။ ပေါ့နေပါက ငါးငံပြာရည် (သို့) ပဲငံပြာရည်ထည့်ပါ။ ငန်နေပါက သံပုရာရည်အနည်းငယ် ညှစ်ထည့်ပါ။ အစပ်ကြိုက်ပါက ငရုတ်သီးတောင့် အနည်းငယ် ထပ်ထည့်နိုင်ပါတယ်။

ဒါဆိုရင်တော့ အရသာရှိတဲ့ အမဲသား ခေါက်ဆွဲကြော်တစ်ပွဲ ရရှိသွားပါပြီ။

Source: Thespruceeats.com