ပါဝင်ပစ္စည်းများ
- ယိုးဒယားပဲကြာဇံ ၂ထုပ်
- ကြက်သွန်ဖြူဆီချက် အနည်းငယ်
- ပုဇွန်ကြားလေး ၂၅သား
- သခွားသီး ၂လုံး
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
- ခရမ်းချဉ်သီး ၅လုံး
- နံနံပင် လက်တဆုပ်
- သံပုရာသီး ၂လုံး
- မြေပဲလှော် ၁၀သား
- ငြုတ်သီးစိမ်း လက်တဆုပ်
- ထညက် ၅လုံး
- ပအုန်းရည် (သို့) လကာရည်
- ငါးငံပြာရည်
- ကင်းမွန်ငံပြာရည်
- သကြား
- ဟင်းခတ်မူန့်
- ပဲငံပြာရည်အကြည်
ပြင်ဆင်ပြုလုပ်နည်း
- ယိုးဒယားပဲကြာဇံ၂ထုပ်ကို ရေနွေးဆူဆူမှာထည့် နူးပြီးပျော့လာရင် ဇကာထဲစစ်ထည့်ပြီး ရေအေးလောင်းထားပါ ။
- ကြက်သွန်ဖြူဆီချက် အနည်းငယ် ချက်ပြီး ပဲကြာဇံတွေထည့် ဆီပူလေးလှိမ့်ထားပါ ။
- ပုဇွန်ကြားတွေကို အခွံအကုန်ခွာ ဆီနအနည်းငယ်ထည့်ပြီး ကျက်အောင်လှော် မွှေးလာရင်သေးသေးတုံးထား ၊ အကောင်လိုက် ထည့်သုပ်လဲရပါတယ် ။
- သခွားသီးကိုလည် အချောင်းလေးတွေ လှီးထားပါ ။ ကြက်သွန်နီ ၊ ခရမ်းချဉ်သီး ၊ နံနံပင်လက်တဆုပ်တို့ကို ပါးပါးလှီးထားပါ ။ သံပုရာသီး၂လုံး အရည်ညှစ်ထားပါ ။ မြေပဲလှော်ကို မညက်တညက်ထုထားပါ ။ သူထဲ ထည့်ဖို့ အချဉ်ရည် အဓိက စပ်ရမယ် ။ ကြက်သွန်ဖြူနဲ့ ငြုတ်သီးစိမ်း လက်တဆုပ်စီကို မညက်တညက် ဆုံထဲထည့်ထောင်း ၊ ထညက် ၅လုံးပါ ထည့်ထောင်းပြီး ဇလုံတခုထဲထည့် ၊ အယ့်ထဲကို ပအုန်းရည် မရှိရင် ရှာလကာရည် ၊ ငါးငံပြာရည် ၊ ကင်းမွန်ငံပြာရည် ၊ သကြား ၊ ဟင်းခတ်မူန့်၊ ပဲငံပြာရည်အကြည် ၊ ရေနည်းနည်းနဲ့ သမအောင်မွေပြီး အရသာ ချိုချဉ်ငံစပ် စိတ်ကြိုက်စပ်ထားပါ ။
- သုပ်တော့မယ်ဆိုတော့ ဇလုံကြီးတလုံးထဲကို အပေါ်က ပြင်ဆင်ထားတဲ့အတိုင်း ပဲကြာဇံတွေထည့် ပုဇွန် ၊ ကြက်သွန်နီ၊ ခရမ်းချဉ်၊ နံနံပင်၊ မြေပဲထောင်း ၊ သခွားသီး ၊ စပ်ထားတဲ့ချိုချဉ်ငန်စပ် အရည်များများ သံပုရာရည်ထည့်ပြီး သမအောင်နယ်ပါ ။ အရသာအနေတော်ဆို ယိုးဒယားပဲကြာဇံသုပ် ချိုချဉ်ငန်စပ်ရှုးရှဲသုပ် ရပါပြီ ။
Credit: Ohnmar Kyi