အားလုံးပဲ မင်္ဂလာပါ။ အာလူးကြော်ချစ်သူများအတွက် ဒီတစ်ခါမှာတော့ အပြင်သားကြွပ်ကြွပ်ရွရွလေးဖြစ်နေပြီး အတွင်းသားမွှမွှလေးနဲ့ ဆွေမျိုးမေ့သွားလောက်အောင် အရသာရှိတဲ့ အာလူးကြော် ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး ၁ ပေါင်ခွဲ (အခွံခွာပြီး ထက်ခြမ်း ခြမ်းထားပါ)
  • ဟင်းသီးဟင်းရွက်ဆီ ၁၂၀ ဂရမ်
  • ဆား အနည်းငယ်
  • ပျဉ်းတော်သိမ်ရွက် အနည်းငယ် (သို့) အခြားအမွှေးအကြိုင်ဟင်းရွက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ကို ၂၂၀ ဒီဂရီစင်တီဂရိတ် (၄၂၅ ဒီဂရီဖာရင်ဟိုက်) ဖြင့် ကြိုတင်အပူပေးထားပါ။

၂။ အာလူးများကို အခွံခွာပြီး အလုံးသေးပါက ထက်ခြမ်း ခြမ်းထားပါ။ အာလူးအလုံးကြီးပါက ထက်ခြမ်းခြမ်းထားသော အာလူးကို ထက်ဝက်ပြန်ခြမ်းပါ။

၃။ ရရှိလာတဲ့အာလူးများကို ဒယ်အိုးထဲထည့်ပြီးနောက် ရေအေးထည့်ကာ ပွက်ပွက်ဆူလာအောင် ပြုတ်လိုက်ပါ။ ၈ မိနစ်၊ ၁၀ မိနစ်ခန့် ပြုတ်ပြီးရင်တော့ အာလူးများကို ပန်းကန်လုံးထဲသို့ ဆယ်ယူလိုက်ပါ။

၄။ Oven ထဲထည့်မယ့် လင်ဗန်းထဲသို့ ဟင်းသီးဟင်းရွက်ဆီများ ထည့်ပါ။ ထို့နောက် Oven ထဲတွင် ၁၀ မိနစ်ခန့် ထည့်ထားပါ။

၅။ ၁၀ မိနစ်ပြည့်ပါက အာလူးများကို လင်ဗန်းထဲထည့်ကာ Oven ထဲတွင် မိနစ် ၃၀၊ ၃၅ မိနစ်ခန့်ခန့် အပူပေးလိုက်ပါ။ (၁၅ မိနစ်ပြည့်တဲ့အခါ အာလူးများကို အခြားတစ်ဖက်သို့ လှန်ပေးရပါမယ်။)

သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ မွှမွှလေးနဲ့ စားလို့ကောင်းတဲ့ အာလူးကြော်များ ရရှိသွားပါပြီ။ ပန်းကန်ပြားထဲ ပြောင်းထည့်ကာ ဆားအနည်းငယ်ဖြူးလိုက်ပါ။

ထို့နောက် မိမိနှစ်သက်ရာအချဉ်ရည်ဖြင့် အရသာရှိရှိ တို့စားနိုင်ပါပြီ။

Source: Kitchensanctuary.com