အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အရသာအရှိဆုံး ဂေါ်ဖီကြော် ကြော်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ ဂေါ်ဖီကြော်အပြင် ဝက်ဆားနယ်ခြောက်နဲ့ ငရုတ်ပွတို့ပါ ထည့်ချက်ထားတဲ့အတွက်ကြောင့် ပိုအရသာရှိပါတယ်။

ပါဝင်ပစ္စည်းများ

  • ဝက်ဆားနယ်ခြောက် ၃ ပြား (အနေတော်အတုံး လှီးဖြတ်ထားပါ)
  • ဂေါ်ဖီထုပ် ၁ ထုပ် (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ ၁ ဥ (လေးထောင့်အတုံးငယ် တုံးထားပါ)
  • ငရုတ်ပွ အနီ ၁ လုံး (လေးထောင့်အတုံးငယ် တုံးထားပါ)
  • ရေ စားပွဲတင်ဇွန်း ၅ ဇွန်း

Cabbage

  • ငရုတ်သီးမှုန့် စားပွဲတင်ဇါန်း ၄ ပုံ ၁ ပုံ
  • ငရုတ်သီးဆော့စ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးတစ်လုံးကို အပူပေးပြီးနောက် ဝက်ဆားနယ်ခြောက်၊ ငရုတ်ပွနှင့် ကြက်သွန်နီတို့ထည့်ကာ ၇ မိနစ်ခန့် မွှေကြော်ပါ။

၂။ ထို့နောက် ငရုတ်ပွ၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် မွှေပါ။

၃။ ရေအနည်းငယ်နှင့် ပါးပါးလှီးထားသော ဂေါ်ဖီတို့ထည့်ကာ မိနစ် ၂၀ ခန့် မွှေကြော်ပါ။

၄။ ရေများ ခမ်းသွားတဲ့အခါမှာတော့ နောက်ထပ် ၁၀ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

၅။ အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ ငရုတ်သီးဆော့စ်လေး အနည်းငယ် ဆမ်းထည့်ကာ သမအောင် ထပ်မွှေပါ။

ထိုအဆင့်များအားလုံး ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ဝက်ဆားနယ်ခြောက် ဂေါ်ဖီကြော်လေး ရရှိသွားပါပြီ။

Source: Cooktoria.com