ချဉ်ချဉ်စပ်စပ်လေးကိုမှ ကြိုက်နှစ်သက်တဲ့သူတွေအတွက် ဒီတစ်ခါမှာတော့ ပဲပြား မှို အစပ်ချက် ဟင်းလျာပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မှို ၁ အောင်စ (ရေထဲတွင် မိနစ် ၃၀ ခန့် စိမ်ထားပါ)
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • နုပ်နုပ်စင်းထားသော ကြက်သွန်ဖြူ စားပွဲတင်ဇွန်း ၁ ဇွန်း
  • နုပ်နုပ်စင်းထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်မြိတ် ၁ ပင်

  • ပဲပြား (သို့) တို့ဖူး ၁ ပေါင်
  • ထောင်းထားသော ငရုတ်သီးထောင်းများ စားပွဲတင်ဇွန်း ၃ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

၁။ ရေစိမ်ထားသော မှိုကို ရေထဲက ခပ်ထုပ်ပြီးနောက် ရေစင်အောင် ညှစ်ထားကာ ပါးပါးလှီးထားလိုက်ပါ။

၂။ ဒယ်အိုးတစ်လုံးကို အလယ်အလတ်မီးအပူချိန်ဖြင့် အပူပေးထားပြီး ဆီထည့်ပါ။ ဆီပူလာပါက မှိုထည့်ပြီး ၈ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၃။ အိုးထဲသို့ ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွနမြိတ်တို့ ထည့်ပြီး သမအောင် မွှေကာ ၄ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ထိုကြော်ထားသော မှိုများကို ပန်းကန်လုံးထဲထည့်ပြီး ဖယ်ထားလိုက်ပါ။

၄။ ငရုတ်သီးထောင်းများကို အိုးထဲထည့်ပြီး ၁ မိနစ်ခန့် မွှေပေးလိုက်ပါ။ မှိုကို အိုးထဲ ပြန်ထည့်ပြီးနောက် စောစောက မှိုစိမ်ထားသော ရေများကို အိုးထဲထည့်ပြီး မီးအပူလျှော့လိုက်ကာ ပွက်ပွက်ဆူလာအောင် တည်ထားလိုက်ပါ။

၅။ ပွက်ပွက်ဆူလာပါက စတုရန်းအတုံး လှီးထားသော ပဲပြား (သို့) တို့ဖူးကို အိုးထဲထည့်ပြီး တစ်မိနစ်ခန့် တည်ထားလိုက်ပါ။

ထို့နောက် မီးဖိုပေါ်က ချပြီး ပန်းကန်ပြားထဲထည့်ကာ ထမင်းနဲ့အတူတူ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: pickledplum.com