အာဟာရပြည့်ဝတဲ့ အစားအစာတွေကို ဝယ်ယူခြင်းဆိုတာက အပြောလွယ်သလောက် အလုပ်ကတော့ ခက်ပါတယ်။ ဘာဖြစ်လို့ခက်ရလဲဆိုရင် သင်က ကောင်းမယ်လို့ ထင်ပြီး ဝယ်ယူလိုက်တဲ့အစားအစာက မလတ်ဆတ်တာတို့ ရက်လွန်နေတာတို့ ဖြစ်တတ်လို့ပါပဲ။

ဒါ့ကြောင့် ဒီတစ်ခါမှာတော့ ဈေးဝယ်သူ အိမ်ရှင်မတွေ တော်တော်များများပြုလုပ်မိတဲ့ အမှားတွေကိုရှောင်ကြဉ်နိုင်ဖို့ရန်အတွက် မဖြစ်မနေသိထားသင့်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

ဈေးမဝယ်ခင် တစ်ညအလိုကတည်းက စာရင်းဇယားပြုလုပ်ထားပါ

Source: serenitymdanaheim.com

စာရင်းပြုလုပ်ထားတဲ့အခါ မိမိဝယ်ယူမယ့် အစားအစာတွေက ပရိုတင်းဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်များ အားလုံးမျှတစွာပါဝင်နေဖို့လိုပါတယ်။ ဒါ့အပြင် ဒီလိုစာရင်းဇယားလေးပြုလုပ်ထားမယ်ဆိုရင် မလိုအပ်တဲ့ အရာတွေကို ဝယ်မိမှာမဟုတ်တော့တဲ့အတွက်ကြောင့် ငွေကုန်ကြေးကျလည်း သက်သာပါလိမ့်မယ်။

ရက်စွဲကို ကြည့်ပါ

Source: midwestdairy.com

သင့်မှာ အစားအစာတွေကို တာရှည်ထားထားမယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိရင် မိမိဝယ်သမျှ အစားအစာတိုင်းရဲ့ ရက်စွဲကို သေချာကြည့်ပါ။ ဒိတ်လွန်နေတဲ့ အစားအစာမျိုးမဖြစ်အောင် ကြာကြာအထားခံမယ့် ရက်စွဲမျိုးကိုသာ ရွေးချယ်ဝယ်ယူပါ။

အအေးခန်းထဲက အစားအစာကို မိမိအိမ်ရဲ့ ရေခဲသေတ္တာထဲမှာ ပြန်ထည့်ဖို့ မမေ့ပါနဲ့

Source: .chatelaine.com

တကယ်လို့ သင်က စူပါမားကတ်မှာ ဈေးဝယ်တာဆိုရင် ကိုယ် ယူလိုက်တဲ့အစားအစာက ဘယ် စင်ထဲက ယူလိုက်လဲဆိုတာ မှတ်ထားပါ။ အအေးခန်းစင်ထဲက ယူတာဆို အေးခဲနေအောင် ပြန်လုပ်ထားပါ။ ဒါမှ အစားအစာတွေက လတ်လတ်ဆတ်ဆတ်နဲ့ တာရှည်အထားခံမှာပဲဖြစ်ပါတယ်။

စူပါမားကတ်မှာမဟုတ်ဘဲ ဈေးထဲမှာ ဝယ်တာဆိုရင်တော့ ဘယ်အစားအစာကိုတော့ဖြင့် ရေခဲသေတ္တာထဲမှာ ထည့်ထားရမယ့် ဘယ်အစားအစာကိုတော့ဖြင့် အခန်းအပူချိန်ထဲမှာပဲ ထားထားရမလဲဆိုတာကို ဗဟုသုတအနေနဲ့ သိထားရပါမယ်။

အရေခွံ ခွာထားပြီးသား ကြက်သားကို ရွေးချယ်ဝယ်ယူပါ

ကြက်အရေခွံမှာ ကယ်လိုရီဓာတ်နဲ့ ပြည့်ဝဆီများ အလွန်အကျွံပါဝင်ပါတယ်။ တကယ်လို့ သင်က ဝိတ်ချနေသူတစ်ယောက်ဆိုရင်တော့ ကြက်အရေခွံကို မစားဘူးဆိုရင် ဝိတ်ကျမြန်စေပါတယ်။ ဒါ့အပြင် အရေခွံမပါတဲ့ ကြက်ရင်အုံသားက ကျန်းမာရေးနဲ့ ပိုညီညွှတ်ပါတယ်။

Source: betterhealth.vic.gov.au