ထမင်းစားတဲ့အခါ ဟင်းရည်ပူပူလေးနဲ့ တွဲဖက်စားသုံးရမှ ထမင်းစားမြိန်တယ်ဆိုသူများအတွက် ဒီတစ်ခါမှာတော့ ပုစွန်ခြောက် ပဲပြား အရွက်စုံဟင်းရည်ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

• ပုစွန်ခြောက် စားပွဲတင်ဇွန်း တစ်ဇွန်း
• ဟင်းချက်ဆီ စားပွဲတင်ဇွန်း တစ်ဇွန်း
• ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း တစ်ဇွန်း
• မုန်ညှင်းဖြူ ၂၅၀ ဂရမ်
• မှို ၄ ပွင့်

• ပဲပြား ၄၀၀ ဂရမ်
• ခရမ်းချဉ်သီး ၂ လုံး
• ရေနွေး ၅၀၀ မီလီလီတာ
• ပဲငံပြာရည် အကြည် စားပွဲတင်ဇွန်း တစ်ဇွန်း
• ငရုတ်ကောင်းမှုန့်အနည်းငယ်နှင့် ကြက်သွန်မြိတ် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပဲပြားနှင့် ဟင်းသီးဟင်းရွက်များကို မိမိနှစ်သက်ရာ အနေတော်အတုံးလေး တုံးထားလိုက်ပါ။

၂။ အိုးကို အပူပေးပြီး ဆီထည့်လိုက်ပါ။ ဆီပူလာပါက ပုစွန်ခြောက်နှင့် ဂျင်းတို့ထည့်ပြီး အနံ့မွှေးလာသည်အထိ ကြော်ပေးလိုက်ပါ။

၃။ ပဲပြားနှင့် ဟင်းသီးဟင်းရွက်များထည့်ပြီး ရေနွေးထည့်ကာ တည်ထားလိုက်ပါ။ ပဲငံပြားရည်ထပ်ထည့်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ မွှေပေးလိုက်ပါ။

၄။ မီးအပူချိန်ကို လျော့ချပြီး ပွက်ပွက်ဆူလာသည်အထိ တည်ထားလိုက်ပါ။

၅။ ၁၀ မိနစ်ခန့် တည်ပြီးနောက်မှာတော့ ပွက်ပွက်ဆူလာပါလိမ့်မယ်။ ဟင်းရည်သောက်ခါနီးကျမှ ကြက်သွန်မြိတ် ထည့်ကာ အလှဆင်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ပုစွန်ခြောက် ပဲပြား ဟင်းရွက်စုံဟင်းရည်လေးကို ထမင်းနဲ့အတူ အရသာရှိရှိ စားသုံးနိုင်ပါပြီ။

Source: Redhousespice.com