အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ရိုးရိုးရှင်းရှင်းလေးနဲ့ အရသာရှယ်ကောင်းတဲ့ ခရမ်းချဉ်သီး ကြက်ဥမွှေကြော် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

• ကြက်ဥ ၂ လုံး
• ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
• ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
• သကြား လက်ဖက်ရည်ဇွန်း ၈ ပုံ ၁ ပုံ
• ဆား လက်ဖက်ရည်ဇွန်းတစ်ဝက်

• ခရမ်းချဉ်သီး ၂ လုံး (အနေတော် အတုံး တုံးထားပါ)
• ကြက်သွန်မြိတ် ၁ ပင် (တစ်လက်မ အရှည်လှီးဖြတ်ထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအသေးတစ်လုံးထဲမှာ ကြက်ဥ ၂ လုံးကို ဖောက်ထည့်ပြီးနောက် ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး သမအောင် မွှေခလောက်လိုက်ပါ။

၂။ ခရမ်းချဉ်သီးကိုလည်း ရေဆေးပြီးနောက် အနေတော် အတုံး တုံးထားလိုက်ပါ။

၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ ဆီပူလာပါက ကြက်ဥများ ထည့်ကြော်လိုက်ပါ။ ကြက်ဥများ တင်းရင်းလာသည်အထိ စက္ကန့်အနည်းငယ်ခန့် ကြော်ပေးလိုက်ပါ။ ထို့နောက် မီးကို ချက်ချင်းပိတ်လိုက်ပြီး ကြက်ဥကြော်ကို အပိုင်းအစငယ်များဖြစ်သွားအောင် ချေမွလိုက်ပါ။ ပြီးရင်တော့ ပန်းကန်ထဲ ပြောင်းထည့်လိုက်ပါ။ (ဒယ်အိုးထဲတွင် ဆီအနည်းငယ် ချန်ထားပေးရပါမယ်)

၄။ ခရမ်းချဉ်သီးများ ထည့်ကြော်လိုက်ပါ။ ကြက်ဥကြော်များကိုလည်း ဒယ်အိုးထဲထည့်ပြီး ခရမ်းချဉ်သီးနဲ့ ရောကြော်ပေးလိုက်ပါ။ ဆား၊ သကြားနှင့် ကြက်သွန်မြိတ်တို့ထည့်ပြီး သမအောင် ကြော်ပေးလိုက်ပါ။

နောက်ဆုံးမှာတော့ အရသာရှိတဲ့ ခရမ်းချဉ်သီး ကြက်ဥမွှေကြော်လေးကို ထမင်းနဲ့ ပူပူနွေးနွေး အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Chinasichuanfood.com