အားလုံးပဲ မင်္ဂလာပါ။ ကြက်သားဟင်း ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ မန်ကျည်းနှစ်များ ထည့်ချက်ထားတဲ့ ခရမ်းချဉ်သီး ကြက်သားဟင်း ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • ခရမ်းချဉ်သီး ၄ လုံး (လေးစိပ် စိပ်ထားပါ)
  • ကြက်သွန်ဖြူ ၅ မြွှာ
  • ငရုတ်သီး ၁ တောင့်

  • ၃ စင်တီမီတာပတ်လည် ဂျင်းတုံး တစ်တုံး (ပါးပါးလှီးထားပါ)
  • မန်ကျည်းသီးအနှစ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြားညို လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ဇီရာစေ့ လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • ကြက်သား ၁ ကီလိုဂရမ် (ခပ်ကြီးကြီးအတုံး တုံးထားပါ)
  • ရေ စားပွဲတင်ဇွန်း ၈ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ထောပတ် စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်ပါ။ ထောပတ် အရည်ပျော်သွားပါက ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူနှင့် ငရုတ်သီးတောင့်တို့ထည့်ကာ ၁၀ မိနစ်ခန့် မွှေပါ။

ရရှိလာတဲ့ ဟင်းနှစ်များကို ဖျော်စက်ထဲထည့်ပါ။ ထိုဖျော်စက်ထဲသို့ ဂျင်း၊ မန်ကျည်းသီးအနှစ်နှင့် သကြားတို့ထည့်ကာ သမသွားသည်အထိ ဖျော်ပေးလိုက်ပါ။

၂။ ကျန်ရှိနေတဲ့ ထောပတ်များကို ဒယ်အိုးထဲသို့ ထည့်ပါ။ ဇီရာစေ့များထည့်ကာ အနံ့မွှေးလာသည်အထိ မွှေပါ။ ထို့နောက် စောစောကဖျော်ထားသော ဟင်းနှစ်များ ထည့်ကာ ၄ မိနစ်ခန့် မွှေပါ။

ကြက်သား ထည့်ကာ ၅ မိနစ်ခန့် တည်ပါ။ ထို့နောက် ရေထည့်ပါ။ အိုးအဖုံးအုပ်ပြီးနောက် မီးအေးအေးဖြင့် ၁၅ မိနစ်ခန့် တည်ပါ။ (မကြာခဏ မွှေပေးဖို့လိုပါတယ်)

၃။ သတ်မှတ်ချိန်ပြည့်ပြီးနောက် ကြက်သား နူးအိသွားပြီဆိုရင်တော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အချဉ်ဓာတ်ကဲထားတဲ့ ခရမ်းချဉ်သီး ကြက်သားဟင်းလေး ရရှိသွားပါပြီ။

Source: Taste.com.au