(Unicode)
အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ချက်ပြုတ်ရလွယ်ကူပြီး အရသာရှိတဲ့ ဟင်းရည်ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။ ပြုလုပ်နည်းအဆင့်ဆင့်က ရိုးရှင်းပြီး ပြုလုပ်ချိန်လည်း ကြာမှာမဟုတ်တဲ့အတွက်ကြောင့် မီးဖိုချောင်ထဲမှာ အချိန်လုနေရတဲ့ အိမ်ရှင်မတွေအတွက်ကတော့ အဆင်အပြေဆုံးပါပဲ။
ပါဝင်ပစ္စည်းများ
- ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
- ကြက်ပြုတ်ရည် ၂၅၀ မီလီလီတာ
- ရေ ၅၀၀ မီလီလီတာ
- ပဲငံပြာရည်အကြည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- နှမ်းဆီ လက်ဖက်ရည်ဇွန်းတစ်ဝက်
- ခရမ်းချဉ်သီး ၃ လုံး (အတုံးခပ်ငယ်ငယ် တုံးထားလိုက်ပါ)
- ကြက်ဥ ၁ လုံး (မွှေခလောက်ထားပါ)
- ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
- ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
- ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)နှင့် ပါးပါးလှီးထားသော တရုတ်နံနံ စားပွဲတင်ဇွန်း ၂ ဇွန်း
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ထားပါ။ ဆီပူလာပါက ခရမ်းချဉ်သီးထည့်ကာ ၅ မိနစ်ခန့် ကြော်ပေးလိုက်ပါ။
၂။ ထို့နောက် ကြက်ပြုတ်ရည်၊ ရေ၊ ပဲငံပြာရည်၊ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့်နှင့် ဆားတို့ထည့်ကာ ပွက်ပွက်ဆူလာသည်အထိ တည်ထားလိုက်ပါ။
၃။ ဟင်းရည်က ပွက်ပွက်ဆူလာပြီဆိုရင်တော့ ပြောင်းမှုန့်ထည့်ကာ မွှေပေးလိုက်ပါ။ ပြီးမှ မွှေခလောက်ထားသော ကြက်ဥကို အိုးထဲသို့ လောင်းထည့်လိုက်ပါ။
ထို့နောက် အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။
ထိုအဆင့်များ အားလုံးပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ ခရမ်းချဉ်သီး ကြက်ဥဟင်းရည်လေး ရရှိသွားပါပြီ။ ထမင်းနဲ့အတူတူ အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။
Source: Asianfoodnetwork.com
(Zawgyi)
အားလံုးပဲ မဂၤလာပါ။ ဒီတစ္ခါမွာေတာ့ ခ်က္ျပဳတ္ရလြယ္ကူၿပီး အရသာရွိတဲ့ ဟင္းရည္ျပဳလုပ္နည္းကို ေဝမွ်ေပးခ်င္ပါတယ္။ ျပဳလုပ္နည္းအဆင့္ဆင့္က ရိုးရွင္းၿပီး ျပဳလုပ္ခ်ိန္လည္း ၾကာမွာမဟုတ္တဲ့အတြက္ေၾကာင့္ မီးဖိုေခ်ာင္ထဲမွာ အခ်ိန္လုေနရတဲ့ အိမ္ရွင္မေတြအတြက္ကေတာ့ အဆင္အေျပဆံုးပါပဲ။
ပါဝင္ပစၥည္းမ်ား
- ဆီ စားပြဲတင္ဇြန္း ၂ ဇြန္း
- ၾကက္ျပဳတ္ရည္ ၂၅၀ မီလီလီတာ
- ေရ ၅၀၀ မီလီလီတာ
- ပဲငံျပာရည္အၾကည္ လက္ဖက္ရည္ဇြန္း ၂ ဇြန္း
- ႏွမ္းဆီ လက္ဖက္ရည္ဇြန္းတစ္ဝက္
- ခရမ္းခ်ဥ္သီး ၃ လံုး (အတံုးခပ္ငယ္ငယ္ တံုးထားလိုက္ပါ)
- ၾကက္ဥ ၁ လံုး (ေမႊခေလာက္ထားပါ)
- ဆားႏွင့္ ငရုတ္ေကာင္းမႈန္႔ အနည္းငယ္
- ေျပာင္းမႈန္႔ လက္ဖက္ရည္ဇြန္း တစ္ဇြန္းခြဲ
- ၾကက္သြန္ၿမိတ္ ၁ ပင္ (ပါးပါးလွီးထားပါ)ႏွင့္ ပါးပါးလွီးထားေသာ တရုတ္နံနံ စားပြဲတင္ဇြန္း ၂ ဇြန္း
ျပဳလုပ္နည္း အဆင့္ဆင့္
၁။ ဒယ္အိုးတစ္လံုးကို အပူေပးၿပီး ဆီထည့္ထားပါ။ ဆီပူလာပါက ခရမ္းခ်ဥ္သီးထည့္ကာ ၅ မိနစ္ခန္႔ ေၾကာ္ေပးလိုက္ပါ။
၂။ ထို႔ေနာက္ ၾကက္ျပဳတ္ရည္၊ ေရ၊ ပဲငံျပာရည္၊ နွမ္းဆီ၊ ငရုတ္ေကာင္းမႈန္႔ႏွင့္ ဆားတို႔ထည့္ကာ ပြက္ပြက္ဆူလာသည္အထိ တည္ထားလိုက္ပါ။
၃။ ဟင္းရည္က ပြက္ပြက္ဆူလာၿပီဆိုရင္ေတာ့ ေျပာင္းမႈန္႔ထည့္ကာ ေမႊေပးလိုက္ပါ။ ၿပီးမွ ေမႊခေလာက္ထားေသာ ၾကက္ဥကို အိုးထဲသို႔ ေလာင္းထည့္လို္က္ပါ။
ထို႔ေနာက္ အရသာအေပါ့အငန္ျမည္းၾကည့္လိုက္ပါ။
ထိုအဆင့္မ်ား အားလံုးၿပီးသြားတဲ့အခါမွာေတာ့ အရသာရွိတဲ့ ခရမ္းခ်ဥ္သီး ၾကက္ဥဟင္းရည္ေလး ရရွိသြားပါၿပီ။ ထမင္းနဲ႔အတူတူ အရသာရွိရွိသံုးေဆာင္ႏိုင္ပါၿပီ။
Source: Asianfoodnetwork.com