အိုမီဂါသရီး အဆီဓာတ် ကြွယ်ဝတဲ့ ငါးများ စားသုံးခြင်းက ဦးနှောက်ဆဲလ်တစ်ခုချင်းစီအတွက် အထောက်အကူပြုတဲ့ အာဟာရဓာတ် တစ်မျိုးပဲဖြစ် ပါတယ်။ အိုမီဂါသရီး ဖက်တိအက်ဆစ်ဓာတ် ကြွယ်ဝတဲ့ ငါးများကို စားသုံးပေးခြင်းအားဖြင့် မှတ်ဉာဏ်တိုးစေပြီး ဦးနှောက် စွမ်းဆောင်ရည်ကို မြှင့်မားစေပါတယ်။

ဒါ့ကြောင့် ဒီတစ်ခါမှာတော့ ကျန်းမာရေးနဲ့လည်း ညီညွှတ်ပြီး အရသာရှိတဲ့ ခရမ်းချဉ်သီး ငါးကြော်နှပ် ချက်ပြုတ်ပြင်ဆင်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငါးအသားလွှာ ၅၅၀ ဂရမ် (အရိုး နွှင်ထားပါ)
  • ခရမ်းချဉ်သီး ၂ လုံး (အကွင်းလိုက် ပါးပါးလှီးထားပါ)
  • ချယ်ရီ ခရမ်းချဉ်သီး ၅ လုံး
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)

  • ပါးပါးလှီးထားသော ဂျင်း စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်မြိတ် ၁ ပင် (ဒေါင်လိုက် လှီးဖြတ်ထားပါ)
  • ဂျုံမှုန့် အနည်းငယ်
  • သံလွင်ဆီ အနည်းငယ်

ဆော့စ် ပြုလုပ်ရန် လိုအပ်သော ပါဝင်ပစ္စည်းများ

  • ငရုတ်သီးဆော့စ် (အချို) စားပွဲတင်ဇွန်း ၂ ဇွန်း
  • ခရမ်းချဉ်သီးဆော့စ် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ရှာလကာရည် လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ငါးငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ပဲငံပြာရည် စားပွဲတင်ဇွန်းတစ်ဝက်
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း

(ဆော့စ် ပြုလုပ်ရန်အတွက် လိုအပ်သောပါဝင်ပစ္စည်းများအားလုံးကို ပန်းကန်လုံးတစ်လုံးထဲထည့်ကာ သမအောင် ရောမွှေထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ငါးအသားလွှာကို ရေ ခြောက်အောင် သုတ်ထားပါ။ ထို့နောက် ဆား၊ ငရုတ်ကောင်းမှုန့်နှင့် ဂျုံမှုန့်အနည်းငယ် ဖြူးထည့်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ထို့နောက် ငါးအသားလွှာထည့်ပြီး ငါးရဲ့နှစ်ဖက်ခြမ်းစလုံးကို ကျက်သွားသည်အထိ ကြော်ပေးလိုက်ပါ။ ထို့နောက် ပန်းကန်ပြားထဲသို့ ပြောင်းထည့်ပါ။

၃။ ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ဂျင်းတို့ထည့်ကာ အနံ့မွှေးလာသည်အထိ ဆီသတ်ပါ။

၄။ ထို့နောက် အကွင်းလိုက် လှီးထားသော ခရမ်းချဉ်သီးများနှင့် ချယ်ရီ ခရမ်းချဉ်သီးများထည့်ပါ။ ဖျော်ထားသော ဆော့စ်များထည့်ပြီး ဆူပွက်လာသည်အထိ တည်ပါ။

၅။ ဆော့စ်က ပွက်ပွက်ဆူလာပြီဆိုရင်တော့ ကြော်ထားသော ငါးများထည့်ကာ သမအောင် ရောကြော်လိုက်ပါ။

ထို့နောက် မီးဖိုပေါ်ကချကာ ပန်းကန်ပြားထဲ ပြန်ပြောင်းထည့်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ခရမ်းချဉ်သီး ငါးကြော်နှပ်လေး ရရှိသွားပါပြီ။

Source: Mintyskitchen.blogspot.com