ထိုင်းဟင်းလျာ ဟင်းလေးတစ်ခွက်ဖြစ်တဲ့ ခရမ်းကျွတ်သီး ဝက်ခေါက်ကြော် ထောင်းလေးကို မျှဝေပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ခရမ်းကျွတ်သီးဖြူ – ၄ လုံး
- ဆား
- ငပိမီးဖုတ် – 1/2 Tsp
- ဝက်ခေါက်ကြော် – ၂ ထုပ်
- ကြက်သွန်ဖြူ – ၂ တက်
- သံပုရာသီး – တစ်လုံး
- ကင်းမွန် ယိုးဒယားငံပြာရည် ၂ ဇွန်း (စားပွဲဇွန်း)
- ထိုင်း ငရုတ်သီး အနီတောင့် လိုသလောက်
- နံနံပင်
ပြင်ဆင်ပြုလုပ်နည်း
- ခရမ်းကျွတ်သီးဖြူလေးတွေကို ပါးပါးလှီး အစေ့ထုတ် မမဲအောင် ဆားရေစိမ်ထား ပါ ။
- 2. ငရုတ်ဆုံ ထဲမှာ ကြက်သွန်ဖြူ နှင့် ငရုတ်သီး အရင်ထောင်းပါ ။ ပြီးလျှင် ငပိထည့်ထောင်း ၊ ခရမ်းကျွတ်သီး ထည့်ထောင်း ၊ ဝက်ခေါက်ကြော်ကို ဖွဖွလေးထောင်းထည့်ပေးပါ ။ နောက်ဆုံး ငံပြာရည် ၊ ဆား ၊ ဟင်းခတ်မှုန့် တို့ထည့်၍ ဇွန်းနဲ့ နှံ့အောင်မွှေပြီး ဖွဖွထောင်းပြီး နံနံပင် ကြိုက်ရင် ညှပ်ထည့်ပါ ။ ပြီးလျှင် သံပုရာရည် ညှစ်ပြီး စိတ်ကြိုက် အရသာ သုံးဆောင်နိုင်ပါသည် ။ ဆေးဘဲဥက စားချင်လို့ တွဲစားတာ ဒါပေမယ့်အရမ်းလိုက်ဖက်ပါတယ် ။
Credit: Grace’s Tiny Kitchen