(Unicode)

အားလုံးပဲ မင်္ဂလာပါ။ ရယ်ဒီမိတ် ခရမ်းချဉ်သီး Ketchup တွေ ခရမ်းချဉ်သီးဆော့စ်တွေက ကျန်းမာရေးနဲ့ ညီညွှတ်တယ်လို့ ထင်ပါသလား။ ထိုရယ်ဒီမိတ်အစားအစာတွေက ကြာရှည်ခံဖို့အတွက် ဓာတုပစ္စည်းများ အသုံးပြုထားတဲ့အတွက်ကြောင့် ကျန်းမာရေးအတွက်တော့ အကျိုးပြုနိုင်မှာမဟုတ်ပါဘူး။

ဒါ့ကြောင့် လတ်ဆတ်တဲ့ ခရမ်းချဉ်သီးအနှစ်ကို မိမိအိမ်မှာပဲ ကိုယ်တိုင်ကိုယ်ကျလုပ်စားချင်သူများအတွက် လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းကောင်းလေးတစ်ခုကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • လတ်ဆတ်သော ခရမ်းချဉ်သီးအမှည့် ၁ ပေါင်ခွဲခန့်
  • ဖန်ပုလင်း ၁ လုံး

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ခရမ်းချဉ်သီးများကို ရေဆေးပြီးနောက် အနေတော်အတုံး တုံးထားလိုက်ပါ။

၂။ လှီးဖြတ်ပြီးသော ခရမ်းချဉ်သီးများကို အိုးထဲထည့်ပြီးနောက် အပူပေးထားလိုက်ပါ။ အပူကြောင့် ခရမ်းချဉ်သီးအရည်များ ထွက်လာပါလိမ့်မယ်။ ဆူပွက်လာသည်အထိ တည်ထားလိုက်ပါ။ (ခရမ်းချဉ်သီးအရည်ကို မကြာခဏမွှေပေးဖို့လည်း လိုပါလိမ့်မယ်)

၃။ ခရမ်းချဉ်သီးက ပွက်ပွက်ဆူလာပါက မီးဖိုပေါ်ကချပြီး အအေးခံထားလိုက်ပါ။ ထို့နောက် ဖျော်စက်ထဲထည့်ပြီး မိနစ်အနည်းငယ်ခန့် ဖျော်ထားလိုက်ပါ။

၄။ နောက်တစ်ဆင့်အနေနဲ့ ဆန်ခါ အသုံးပြုပြီး ခရမ်းချဉ်သီးအနှစ်များကို ပန်းကန်လုံးတစ်လုံးထဲ လောင်းထည့်လိုက်ပါ။ ဒါဆိုရင်တော့ ခရမ်းချဉ်သီးအစေ့နှင့် အဖတ်တွေကို ဖယ်ရှားပြီးသားဖြစ်သွားပါလိမ့်မယ်။

ရရှိလာတဲ့ ခရမ်းချဉ်သီးအနှစ်ကို ဖန်ပုလင်းထဲထည့်လိုက်ပါ။ ဒါဆိုရင်တော့ ဟင်းချက်တဲ့အခါမှာ လတ်လတ်ဆတ်ဆတ်အသုံးပြုနိုင်တဲ့ အိမ်လုပ် ခရမ်းချဉ်သီးအနှစ်လေး ရရှိသွားပါပြီ။

Source: Thespruceeats.com

(Zawgyi)

အားလံုးပဲ မဂၤလာပါ။ ရယ္ဒီမိတ္ ခရမ္းခ်ဥ္သီး Ketchup ေတြ ခရမ္းခ်ဥ္သီးေဆာ့စ္ေတြက က်န္းမာေရးနဲ႔ ညီညႊတ္တယ္လို႔ ထင္ပါသလား။ ထိုရယ္ဒီမိတ္အစားအစာေတြက ၾကာရွည္ခံဖို႔အတြက္ ဓာတုပစၥည္းမ်ား အသံုးျပဳထားတဲ့အတြက္ေၾကာင့္ က်န္းမာေရးအတြက္ေတာ့ အက်ိဳးျပဳႏိုင္မွာမဟုတ္ပါဘူး။

ဒါ့ေၾကာင့္ လတ္ဆတ္တဲ့ ခရမ္းခ်ဥ္သီးအႏွစ္ကို မိမိအိမ္မွာပဲ ကိုယ္တိုင္ကိုယ္က်လုပ္စားခ်င္သူမ်ားအတြက္ လြယ္ကူရိုးရွင္းတဲ့ နည္းလမ္းေကာင္းေလးတစ္ခုကို ေဝမွ်ေပးခ်င္ပါတယ္။

ပါဝင္ပစၥည္းမ်ား

  • လတ္ဆတ္ေသာ ခရမ္းခ်ဥ္သီးအမွည့္ ၁ ေပါင္ခြဲခန္႔
  • ဖန္ပုလင္း ၁ လံုး

ျပဳလုပ္နည္း အဆင့္ဆင့္

၁။ ခရမ္းခ်ဥ္သီးမ်ားကို ေရေဆးၿပီးေနာက္ အေနေတာ္အတံုး တံုးထားလိုက္ပါ။

၂။ လွီးျဖတ္ၿပီးေသာ ခရမ္းခ်ဥ္သီးမ်ားကို အိုးထဲထည့္ၿပီးေနာက္ အပူေပးထားလိုက္ပါ။ အပူေၾကာင့္ ခရမ္းခ်ဥ္သီးအရည္မ်ား ထြက္လာပါလိမ့္မယ္။ ဆူပြက္လာသည္အထိ တည္ထားလိုက္ပါ။ (ခရမ္းခ်ဥ္သီးအရည္ကို မၾကာခဏေမႊေပးဖို႔လည္း လိုပါလိမ့္မယ္)

၃။ ခရမ္းခ်ဥ္သီးက ပြက္ပြက္ဆူလာပါက မီးဖိုေပၚကခ်ၿပီး အေအးခံထားလိုက္ပါ။ ထို႔ေနာက္ ေဖ်ာ္စက္ထဲထည့္ၿပီး မိနစ္အနည္းငယ္ခန္႔ ေဖ်ာ္ထားလိုက္ပါ။

၄။ ေနာက္တစ္ဆင့္အေနနဲ႔ ဆန္ခါ အသံုးျပဳၿပီး ခရမ္းခ်ဥ္သီးအႏွစ္မ်ားကို ပန္းကန္လံုးတစ္လံုးထဲ ေလာင္းထည့္လိုက္ပါ။ ဒါဆိုရင္ေတာ့ ခရမ္းခ်ဥ္သီးအေစ့ႏွင့္ အဖတ္ေတြကို ဖယ္ရွားၿပီးသားျဖစ္သြားပါလိမ့္မယ္။

ရရွိလာတဲ့ ခရမ္းခ်ဥ္သီးအႏွစ္ကို ဖန္ပုလင္းထဲထည့္လိုက္ပါ။ ဒါဆိုရင္ေတာ့ ဟင္းခ်က္တဲ့အခါမွာ လတ္လတ္ဆတ္ဆတ္အသံုးျပဳႏိုင္တဲ့ အိမ္လုပ္ ခရမ္းခ်ဥ္သီးအႏွစ္ေလး ရရွိသြားပါၿပီ။

Source: Thespruceeats.com