အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ MyFood Myanmar ကနေ ဝက်သားပြားကြော်ကို ဂေါ်ဖီသုပ်လေးနဲ့ အရသာရှိရှိ တွဲဖက်စားသုံးနိုင်ဖို့အတွက် ဘယ်လိုပြင်ဆင်ချက်ပြုတ်ရမလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

Source: Globalmeatnews.com

• ဝက်သားပြား ၄ ပြား
• ပါးပါးလှီးထားသော ဂျင်း စားပွဲတင်ဇွန်း တစ်ဇွန်း
• ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
• ကြက်ဥ ၂ လုံး
• ဂျုံမှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း

Cabbage

• ဂေါ်ဖီထုပ် လေးပုံ တစ်ပုံ
• သံပုယိုသီး တစ်လုံး
• ခရမ်းချဉ်သီးဆော့စ် (သို့) ငရုတ်သီးဆော့စ်
• ပေါင်မုန့်အကြေအစ အနည်းငယ်
• ဆီအနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဝက်သားပြားများကို ဓားရာလေး ပေးထားလိုက်ပါ။ ထို့နောက် အလေးတုံးလေးဖြင့် မိမိလိုချင်တဲ့ အထူအပါးရရှိသည်အထိ ထုထောင်းလိုက်ပါ။

၂။ ဂျင်းနှင့် ငရုတ်ကောင်းမှုန့်တို့ကို ဝက်သားပေါ် ဖြူးထည့်လိုက်ပါ။

၃။ ဂေါ်ဖီထုပ်များကို ပါးပါးလှီးပြီး ရေထဲ ထည့်စိမ်ထားလိုက်ပါ။ သံပုယိုသီးကိုလည်း နှစ်ကွင်းလောက် ပါးပါးလှီးဖြတ်ပြီးနောက် ဂေါ်ဖီဇလုံထဲ ထည့်စိမ်ထားလိုက်ပါ။

၄။ ဂျုံမှုန့်၊ ပေါင်မုန့်အကြေအစများနှင့် ကြက်ဥများကို ပန်းကန်လုံးသုံးလုံးစီမှာ သပ်သပ်စီခွဲထည့်ထားလိုက်ပါ။

၅။ ဝက်သားပြားများကို ဂျုံမှုန့်ထဲ ထည့်ကပ်လိုက်ပါ။ ထို့နောက် ကြက်ဥထဲ ထည့်နှစ်လိုက်ပါ။ ပြီးမှ ပေါင်မုန့်အကြေအစလေးများနဲ့ ထပ်ကပ်ပေးလိုက်ရပါမယ်။

၆။ ကြော်မယ့် ဒယ်အိုးထဲသို့ ဆီထည့်လိုက်ပါ။ ဆီရဲ့အပူချိန် ၃၂၅ ဒီဂရီဖာရင်ဟိုက် ရောက်ရှိသွားပါက ဝက်သားပြားများ ထည့်ကြော်ပေးလိုက်ပါ။ ဝက်သားပြားများ ရွှေညိုရောင် ပြောင်းသွားပါက ဆီပူထဲမှ ဆယ်လိုက်ပါ။

အသားပြားများ အေးသွားပါက အညီအမျှ ပိုင်းထားလိုက်ပါ။

၇။ ရေထဲထည့်စိမ်ထားသော ဂေါ်ဖီများကို ပန်းကန်ပြားထဲသို့ ခပ်ထည့်လိုက်ပါ။ ထို့နောက် ဝက်သားပြားများကိုလည်း အစီအရီထည့်ထားလိုက်ပါ။ ဝက်သားပြားပေါ်သို့ ဆော့စ်များ ဆမ်းထည့်လိုက်ပါ။ သံပုယိုသီးနှင့် သခွားသီးတို့ထည့်ပြီး ထပ်မံအလှဆင်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဝက်သားပြားကြော်ကို ဂေါ်ဖီနဲ့ မြိန်ရေယှက်ရေ သုံးဆောင်နိုင်ပါပြီ။

Source: Koreanbapsang.com