ကြက်ဥမွှေကြော် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ တူနာငါး ဟင်းနုနွယ်တို့နဲ့ ရောကြော်ထားတဲ့ တူနာငါး ကြက်ဥမွှေကြော် ကြော်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ဥ ၅ လုံး
  • တူနာငါး စည်သွပ်ဘူး ၁ ဘူး
  • ဟင်းနုနွယ် ၁ စည်း (ရေဆေးပြီးနောက် အရွက်များ ချွေထားပါ)
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • ဟင်းချက်ဆီ စားပွဲတင်ဇွန်း ၅ ဇွန်း

  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီ စားပွဲတင်ဇွန်း ၃ ဇွန်းထည့်ပါ။

၂။ ကြက်သွန်နီထည့်ပြီး ပျော့သွားတဲ့အထိ ဆီသတ်ပါ။

၃။ ထို့နောက် တူနာငါးထည့်ကာ ၂ မိနစ်ခန့် ကြော်ပါ။

၄။ ဟင်းနုနွယ်များ ထည့်ကာ ၁ မိနစ်ခန့် ရောကြော်လိုက်ပါ။ ဆား၊ ငရုတ်ကောင်းထည့်ပြီး အရသာအပေါ့အငန်မြည်းကြည့်ပါ။ ပြီးရင်တော့ ပန်းကန်ထဲ ပြောင်းထည့်ထားပါ။

၅။ ကြက်ဥများကို ဆား၊ ငရုတ်ကောင်းမှုန့် အနည်းငယ်ထည့်ကာ သမအောင် မွှေခလောက်ပါ။

၆။ တူနာငါး ဟင်းနုနွယ်များ အေးသွားတဲ့အခါမှာတော့ ကြက်ဥထဲ ထည့်ကာ ရောနှော မွှေခလောက်လိုက်ပါ။

၇။ ကျန်ရှိနေသော ဆီများကို ဒယ်အိုးထဲထည့်ပြီးနောက် ဆီပူလာပါက ကြက်ဥ တူနာငါးအရောအနှောများ ထည့်ကာ ၂ မိနစ်ခန့် ကြော်ပါ။

ထို့နောက် အခြားတစ်ဖက်သို့လှန်ကာ ကြက်ဥများ ကျက်သွားသည်အထိ ကြော်ပေးလိုက်ပါ။

ရရှိလာတဲ့ ကြက်ဥမွှေကြော်ကို ပန်းကန်ထဲ ပြောင်းထည့်လိုက်ပါ။ မွှေခလောက်ထားသော ကြက်ဥများ ကုန်သွားသည်အထိ ကြော်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိပြီး အနံ့လေး သင်းပျံ့နေတဲ့ တူနာငါး ဟင်းနုနွယ် ကြက်ဥမွှေကြော်လေး ရရှိသွားပါပြီ။

Source: Panlasangpinoy.com