ပါဝင်ပစ္စည်းများ

  • ကြက်သား – ၁ ခြမ်း
  • ကြက်သွန်နီ – ၂ ဥ
  • ဂျင်းသေးသေး – ၁ တက်
  • ကြက်သွန်ဖြူ – ၃ မွှာ

  • ငရုတ်နီခြောက်တောင့် – ၅ တောင့်
  • မုန်ညင်းစိမ်း – ၁ စည်း
  • မှို – အနည်းငယ်

ပြင်ဆင်ပြုလုပ်နည်း

ကြက်သားကို အတုံးငယ်တုံးပြီး ထောင်းထားတဲ့ ဂျင်း ၊ ကြက်သွန်ဖြူ ၊ ငရုတ်နီခြောက်တောင့် တို့နဲ့အတူ ဆား ၊ ဟင်းခတ်မှုန့် တို့နဲ့ အရသာနယ်ပါ။

ချက်မည့် အိုးထဲမှာထည့်ပြီး ရေအနည်းငယ်ထည့်ကာ အဖုံးပိတ်ပြီး စတင်အပူပေးပါ။ ကြက်သားတဝတ်ခန့် ကျက်ပြီဆိုရင် ကြက်သွန်နီ ၈ စိတ်ကွဲ ၊ မှို ၊ မှန်ညင်းစိမ်းတို့ကို ထည့်ပြီး ခေတ္တခဏ အဖုံးပြန်ပိတ်ပါ။

ပွက်ပွက်ဆူပြီဆိုရင် မီးဖိုပေါ်ကချ ၊ သံပုရာသီး တခြမ်းလောက် ညှစ်ပြီး အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Credit: ဝင်းနိုင်သိန်း