မီးဖိုချောင်ထဲက အစားအစာတွေက ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ဆေးဝါးတွေအဖြစ် အသုံးတည့်တယ်ဆိုတဲ့အချက်ကို ငြင်းဖွယ်ရာမရှိပါဘူး။ ဒါ့အပြင် ဆေးကြောသန့်စင်တဲ့နေရာမှာလည်း မီးဖိုချောင်ထဲရှိ အစားအစာတွေက ကူညီပေးနိုင်ပါသေးတယ်။

တချို့နည်းလမ်းတွေက အသုံးဝင်လွန်းလို့ သားစဉ်မြေးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းထားသင့်တာကြောင့် ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ရပါတယ်။

အင်္ကျီဆီစွန်းသွားတဲ့အခါ

အင်္ကျီဆီစွန်းသွားတဲ့အခါ ထိုအစွန်းကွက်ပေါ်သို့ ဆားအနည်းငယ်ကို အမြန်ဖြူးလိုက်ပါ။ မိနစ်အနည်းငယ်စောင့်ပြီး လှုပ်ခါပေးလိုက်ပါ။ ကြီးမားတဲ့အစွန်းကွက်တွေဆိုရင်တော့ လျှော်ဖွတ်ရလွယ်ကူသွားပြီး သေးငယ်တဲ့အစွန်းကွက်တွေကတော့ ချက်ချင်းပျောက်ကွယ်သွားပါလိမ့်မယ်။

ဒယ်အိုးက တူးပြီး အိုးကပ်သွားတဲ့အခါ

ထိုအိုးထဲသို့ ရေအနည်းငယ်ထည့်ပြီးနောက် ဆား များများထည့်ပြီး ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် ဆူပွက်အောင် တည်ထားလိုက်ပါ။ ဒီနည်းလမ်းအသုံးပြုမယ်ဆိုရင်တော့ တခြား ကြေးချွတ်ဆေးတွေကို အသုံးပြုစရာမလိုတော့ပါဘူး။

သစ်သီးတွေရဲ့အရောင်များ လက်များ စွန်းထင်းသွားတဲ့အခါ

သကြားမုန်လာ၊ ဘယ်ရီသီးများစတဲ့ အသီးတွေရဲ့အရောင်တွေ လက်မှာစွန်းထင်းသွားတဲ့အခါ သံပုယိုသီးနဲ့ ပွတ်တိုက်ပေးလိုက်ပါ။ လက်မှာကပ်နေတဲ့ အစွန်းအထင်းများ အားလုံးပျောက်ကွယ်သွားပါလိမ့်မယ်။

ကြက်ဥပြုတ်ကို မအက်ကွဲစေချင်ဘူးဆိုရင်

ကြက်ဥပြုတ်တဲ့အခါ ရေထဲသို့ ဆားထည့်ပြီး ပြုတ်လိုက်ပါ။ ဒီလိုပြုလုပ်ပေးခြင်းက ကြက်ဥအခွံ မအက်ကွဲသွားစေတဲ့အပြင် ကြက်ဥရဲ့အရသာကလည်း မူလအရသာအတိုင်း ကျန်ရှိနေမှာပဲဖြစ်ပါတယ်။

ပေါင်မုန့်လှီးဖြတ်တဲ့အခါ ပေါင်မုန့်အကြေအစများ မပဲ့ထွက်သွားဖို့ရန်အတွက်

ပွက်ပွက်ဆူအောင် ပြုတ်ထားတဲ့ ရေနွေးထဲသို့ ပေါင်မုန့်လှီးတဲ့ဓားကို နှစ်ပေးပြီးမှ ပေါင်မုန့်လှီးဖြတ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ပေါင်မုန့်အသားများ လုံးဝ ပဲ့ထွက်သွားမှာမဟုတ်ဘဲ တိတိရိရိ ညီညီညာညာဖြစ်နေမှာပဲဖြစ်ပါတယ်။

အင်းဆက်ပိုးကောင်များ အကိုက်ခံရခြင်းကြောင့် အရေပြား ယားယံခြင်း၊ နီမြန်းရောင်ရမ်းခြင်းကို ကုသဖို့အတွက်

အာလူးအလုံးသေးသေးလေးတစ်လုံးကို ရေဆေးပြီးနောက် လှီးဖြတ်ပေးလိုက်ပါ။ ထို့နောက် ပိုးကောင်အကိုက်ခံရသော နေရာပေါ်တွင် ကတ်ပေးပြီး ပတ်တီး (သို့) အနာဂတ်ပလာစတာဖြင့် ကပ်ထားပေးလိုက်ပါ။ ထိုကဲ့သို့ ကပ်ထားပေးခြင်းအားဖြင့် အနာကျက်မြန်စေပြီး ယားယံခြင်းလည်း သက်သာသွားမှာပဲဖြစ်ပါတယ်။

Source: Brightside.me