အားလုံးပဲ မင်္ဂလာပါ။ လူတိုင်းက အရသာရှိတဲ့ အစားအစာများကိုသာ စားသုံးချင်ကြတာပါ။ ဟင်းလျာချက်ပြုတ်တဲ့အခါမှာလည်း အရသာရှိရုံနဲ့ မပြီးပါဘူး။ သန့်ရှင်းလတ်ဆတ်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာ ဖြစ်ဖို့လည်း လိုအပ်ပါသေးတယ်။

အရသာထူးကဲကောင်းမွန်တဲ့ ဟင်းလျာများကို ပြင်ဆင်ချက်ပြုတ်ဖို့ရန်အတွက် ဘယ်လိုနည်းလမ်းလေးတွေကို သိထားသင့်သလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်။

ထမင်းတည်တဲ့အခါ ရှာလကာရည်လေး အနည်းငယ် ထည့်ပေးလိုက်ပါ။ ပုံမှန်မြင်နေကျ အဖြူရောင်ထက် ပိုဖြူတဲ့အရောင်ကို တွေ့ရပါလိမ့်မယ်။

အသားချက်တဲ့အခါ ပိုမိုအရသာရှိဖို့ရန်အတွက်

Source: americatop10.com

အသားကို ဘီယာနဲ့ စိမ်ထားပေးလိုက်ပါ။ ဘီယာထဲသို့ ပဲငံပြာရည်၊ ဆားနှင့် ငရုတ်ကောင်းတို့ ထပ်ထည့်ပေးရပါမယ်။ မိနစ်အနည်းငယ်ခန့် စိမ်ထားပြီးမှ ချက်မယ်ဆိုရင် အရသာပိုရှိပါတယ်။

အသည်း ချက်တဲ့အခါ

ဟင်းအိုး ချခါနီးမှ ဆားထည့်ပေးရပါမယ်။ စောစောစီးစီး ဆားထည့်လိုက်မယ်ဆိုရင် အသည်းက မာသွားတတ်ပါတယ်။

စွပ်ပြုတ်တည်တဲ့အခါ

ရေခဲတုံး ထည့်တည်ပေးလိုက်ပါ။ အဲ့ဒါဆိုရင် စွပ်ပြုတ်ထဲမှာ အဆီတွေ ဝေ့နေမှာမဟုတ်တော့ပါဘူး။

ခရမ်းသီး အရသာ မခါးဘဲ စားကောင်းဖို့အတွက်

ခရမ်းသီးကို အနေတော်တုံးပြီးနောက် ဆားနဲ့ နယ်ပေးလိုက်ပါ။ ထို့နောက် ရေအေးနဲ့  သေသေချာချာဆေးကြောပြီးမှ ချက်ပြုတ်ရပါမယ်။

ကော်ဖီရဲ့ ရာဇ၀င် အပိုင်းအစ

ကော်ဖီချစ်သူတစ်ယောက်အနေနဲ့ ကော်ဖီကောင်းကောင်းလေး သောက်ချင်တယ်ဆိုရင် အသင့်ဖျော်ကော်ဖီထက်စာရင် သဘာဝကော်ဖီအကြမ်းမှုန့်နဲ့ ဖျော်ပေးရပါမယ်။ ပြီးရင် ဆားအနည်းငယ် ထည့်ဖျော်ပေးလိုက်ပါ။

မိမိရဲ့ဟင်းပွဲထဲမှာ ဆားထည့်တာ များသွားတဲ့အခါ

အုတ်ဂျုံအနည်းငယ် ထည့်ပြီး ခေတ္တခဏတည်ထားရပါမယ်။ အုတ်ဂျုံ့ ပိုလျှံနေတဲ့ဆားတွေကို စုပ်ယူပေးသွားပါလိမ့်မယ်။

Source: Brightside.me