အားလုံပဲမင်္ဂလာပါ။ ကြောင်လျှာသီးက အချို့အခြေအနေတွေအတွက် ဆေးဖက်ဝင်တဲ့ အမျိုးအမယ်တစ်ခုဖြစ်ပါတယ်။ ထိုကြောင်လျှာသီးကိုတော့ ဒီတစ်ခေါက်မှာ အမဲခြောက်ကလေးနဲ့ စပ်စပ်လေးကြော်စားကြည့်ရအောင်။
ပါဝင်ပစ္စည်းများ
- ကြောင်လျှာသီး
- အမဲသားခြောက်
- ဆီ
- ကြက်သွန်နီ
- ကြက်သွန်ဖြူ
Source: Buy Rare Seeds
- ငရုပ်သီးစိမ်း
- နနွင်း
- အရောင်တင်မှုန့်
- ငံပြာရည်
- ဟင်းခတ်မှုန့် (သို့) အချိုမှုန့်
ပြင်ဆင်ပြုလုပ်နည်း
ပထမဦးစွာ ကြောင်လျှာသီးကို မီးဖုတ်ပေးရပါမယ် ။ မီးဖုတ်ပြီးသာ ကြောင်လျှာသီးကို ရေဆေး၍ ပါးပါးလှီးပြီး ခပ်သေးသေး ပြန်စိပ်ထားပါ ။
အမဲခြောက်ကိုလည် ရေစိမ်ပြီး ခပ်နုပ်နုပ် စဉ်းထားပါ ။ ကြက်သွန်နီ ၊ ကြက်သွန်ဖြူ ၊ ငရုပ်သီးစိမ်းတို့ကို ထောင်းထားပါ ။
ထောင်းထားသော ကြက်သွန်ဖြူ ၊ ကြက်သွန်နီတို့ကို ဆီသတ်ပြီး အဝါရောင် ရလာသည်နှင့် ဆနွင်းနဲ့ အရောင်တင် အနည်းငယ် ထည့်ပြီး အမဲခြောက် ထည့်ကြော်ပါ ။
အမဲခြောက် ကျက်လောက်သည့် အနေထားရောက်လျှင် ကြောင်လျှာသီး ၊ ငံပြာရည် ၊ ဟင်းခတ်မှုန့် တို့ကိုထည့်၍ ဆီပြန်လာသည့်နှင့် အိုးကို ချ၍ အသင့် သုံးဆောင်နိုင် ပါသည် ။
Credit: Baby Taster