နေ့စဉ်နေ့တိုင်း မီးဖိုချောင်မှာ ဟင်းချက်နေရသူတွေအတွက် ဟင်းချက်ချိန်ကို လျော့ချပေးနိုင်တဲ့ ဖြတ်လမ်းနည်းကတော့ အဖိုးအတန်ဆုံးပါပဲ။ မီးဖိုချောင်မှာ အချိန်ကုန်သက်သာခြင်းကြောင့် မိမိလုပ်စရာရှိတဲ့ အခြားအလုပ်တွေကိုလည်း စိတ်အေးချမ်းသာစွာနဲ့ ပြုလုပ်နိုင်မှာ မဟုတ်လား။

ဒါ့ကြောင့် ဘယ်လိုဟင်းချက်နည်းလေးတွေက သင့်ကို အချိန်ကုန်သက်သာစေမလဲဆိုတာကို အတူတူဆက်လေ့လာကြည့်လိုက်ရအောင်။

အာလူး အမြန်ပြုတ်ချင်တယ်ဆိုရင်

အာလူးကို အရင်ဦးဆုံး ခက်ရင်းလေးဖြင့် ထိုးထားလိုက်ပါ။ ထို့နောက် Pressure Cooker ထဲထည့်ကာ ပြုတ်ထားလိုက်ပါ။ ပုံမှန်ပြုတ်နေကျအချိန်ထက် အချိန်ကုန်သက်သာတာကို တွေ့မြင်ရပါလိမ့်မယ်။

နွားနို့ ကျိုတဲ့အခါ

နွားနို့ကို ဘယ်လို လူတွေ အဓိက သောက်သုံးသင့်သလဲ

နွားနို့မကျိုခင်မှာ နွားနို့ကျိုမယ့် အိုးထဲသို့ ရေအနည်းငယ် ထည့်လိုက်ပါ။ ထို့နောက် နွားနို့ ထည့်ပြီး ကျိုလိုက်ပါ။ နွားနို့ အဆူမြန်ပါတယ်။

ဖန်ပုလင်းမှာ ကပ်နေတဲ့ စက္ကူခွံများ ခွာတဲ့အခါ

Source: Matchboxkitchen.com

စက္ကူခွံတွေက အလွယ်တကူမကွာဘဲ ဖန်ပုလင်းမှာ ကပ်ကျန်နေတတ်ပါတယ်။ ဒါဆိုရင်တော့ ထိုဖန်ပုလင်းကို မိုက်ခရိုဝေ့ဖ်ထဲထည့်ပြီး အပူပေးလိုက်ပါ။ ထို့နောက် စက္ကန့် ၂၀ ခန့် လေဖြင့် အခြောက်ခံလိုက်ပါ။ ထို့နောက် စက္ကူခွံများကို ခွာကြည့်လိုက်ပါ။ အလွယ်တကူကွာသွားပါလိမ့်မယ်။ ဖန်ပုလင်းမှာ ကပ်နေတဲ့ ကော်များကို ကွာစေချင်တယ်ဆိုရင်တော့ ရေအေးအေးလေးဖြင့် ဆေးကြောပေးလိုက်ပါ။

ကြက်သွန်ဖြူ အခွံခွာဖို့အတွက်

ကြက်သွန်ဖြူရဲ့အခွံက အင်မတန်ပါးလျပြီး ခွာရခက်ပါတယ်။ ဒါ့ကြောင့် ကြက်သွန်ဖြူ အခွံမခွာခင်မှာ မိုက်ခရိုဝေ့ဖ်ထဲမှာ စက္ကန့် ၃၀ ခန့် ထည့်ကာ အပူပေးလိုက်ပါ။ အလွယ်တကူအခွံခွာလို့ရပါပြီ။

အုန်းသီးခွံထဲက အုန်းသီးဖတ်ကို အလွယ်တကူကွာစေချင်တယ်ဆိုရင်

အုန်းသီး ခွဲပြီးတဲ့နောက်မှာ ထိုအုန်းသီးကို မီးဖိုပေါ်မှာ ၂ မိနစ်၊ ၃ မိနစ်ခန့် အပူပေးလိုက်ပါ။ ထို့နောက် အုန်းခွံကို ဇွန်းနဲ့ဖြစ်ဖြစ်၊ လက်နဲ့ပဲဖြစ်ဖြစ် ခေါက်ပေးလိုက်ပါ။ အုန်းသီးဖတ်များ အလွယ်တကူကွာကျလာပါလိမ့်မယ်။

ဆီ အသုံးမပြုဘဲ အာလူးကြော်ချင်တယ်ဆိုရင်

အာလူးများကို ခပ်ပါးပါးလှီးဖြတ်ပြီးနောက် မိုက်ခရိုဝေ့ဖ် အပူခံပန်းကန်လုံးထည့်ထားလိုက်ပါ။ ထို့နောက် အာလူးချပ်များကို ဆီအနည်းငယ်ဖြင့် သုတ်လိမ်းပေးလိုက်ပါ။ ထို့နောက် မိုက်ခရိုဝေ့ဖ်ထဲ ထည့်ကာ တစ်မိနစ်ခန့် အပူပေးလိုက်ပါ။ ဒါဆိုရင်တော့ အာလူးကြော် ကြွပ်ကြွပ်ရွရွလေးကို အရသာရှိရှိ စားသုံးနိုင်ပါပြီ။

Source: Timesofindia.indiatimes.com