အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ထမင်းကြော် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ တူနာကင်ချီ ထမင်းကြော် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

• ကင်ချီအနည်းငယ်
• ထမင်း ပန်းကန်လုံး နှစ်လုံးစာ
• ပါးပါးလှီးထားသော ကြက်သွန်နီ၊ မုန်လာဥနီ အနည်းငယ်
• ဟင်းချက်ဆီ စားပွဲတင်ဇွန်း တစ်ဇွန်း
• သကြားနှင့် ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်စီ

• တူနာငါး ၂ အောင်စခန့်
• ငရုတ်နှစ် လက်ဖက်ရည်ဇွန်းတစ်ဇွန်း
• နှမ်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်း
• ကင်ချီအရည် ၆၀ မီလီလီတာ

အလှဆင်ရန်အတွက် လိုအပ်သောပါဝင်ပစ္စည်းများ

Protein Eggs

• ကြက်ဥ Half-Fried တစ်လုံး
• နှမ်းစေ့ လက်ဖက်ရည်ဇွန်း တစ်ဇွန်း
• ရေညှိအနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ထမင်းများကို ကင်ချီအရည်၊ ငရုတ်နှစ်၊ နှမ်းဆီ၊ ဆားနှင့် သကြားတို့ဖြင့် သမအောင် နယ်ထားပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ မုန်လာဥနီနှင့် ကြက်သွန်နီများထည့်ကာ ၂ မိနစ်၊ ၃ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၃။ ကင်ချီထည့်ကာ ၂ မိနစ်ခန့် ကြော်လိုက်ပါ။ တူနာငါး ထပ်ထည့်ပြီး ၁ မိနစ်ကြော်ရပါမယ်။

၄။ ထို့နောက် စောစောကနယ်ထားသော ထမင်းများကို ဒယ်အိုးထဲထည့်ပြီး ၅ မိနစ်ခန့် ကြော်ရပါမယ်။

၅။ အရသာအပေါ့အငန်မြည်းကြည့်ပြီးနောက် ဒယ်အိုးပေါ်ကချလိုက်လို့ရပါပြီ။

ရရှိလာတဲ့ တူနာငါးထမင်းကြော်များကို ပန်းကန်ထဲပြောင်းထည့်ပြီးမှ ကြက်ဥ၊ ရေညှိနှင့် နှမ်းများဖြူးကာ အလှဆင်လိုက်ပါ။ နောက်ဆုံးမှာတော့ အရသာရှိတဲ့ထမင်းကြော်ကို မြိန်ရေယှက်ရေ သုံးဆောင်နိုင်ပါပြီ။

Source: Spicetheplate.com