အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဟင်းခပ်နှစ်များ သေချာဖျော်စက်ကာ ရောချက်ထားတဲ့ ပျားရည်ဆမ်း ကြက်သားဟင်း ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်သား ၅၀၀ ဂရမ်
- နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ဆားနှင့် ငရုတ်ကောင်းမှုန့်
- ကြက်သွန်နီ တစ်ခြမ်း (အခွံခွာပြီး အတုံးခပ်ကြီးကြီး တုံးထားပါ)
- ပဲလိပ်ပြာ လက်တစ်ဆုပ်စာခန့်
- ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၁၆ ဇွန်း
- သကြားညို (သို့) ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- ငရုတ်သီးစိမ်း ၅ တောင့်
လိုအပ်သော ဟင်းခပ်အမွှေးအကြိုင်များ
- ကြက်သွန်နီ ၃ ဥ (ပါးပါးလှီးထားပါ)
- ကြက်သွန်ဖြူ ၆ မြွှာ (အခွံခွာထားပါ)
- စပါးလင် ၁ ပင် (ပါးပါးလှီးထားပါ)
- ၅ စင်တီမီတာအရွယ်ရှိ ဂျင်းတုံး ၁ တုံး (ပါးပါးလှီးထားပါ)
- ငရုတ်သီးစိမ်း ၃ တောင့်
- နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
- ဇီရာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဟင်းခပ်အမွှေးအကြိုင် ပါဝင်ပစ္စည်းများအားလုံးကို ဖျော်စက်ထဲထည့်ကာ အနှစ်များ ရလာသည်အထိ ဖျော်ပေးလိုက်ပါ။
၂။ ကြက်သားတုံးများကို အနေတော် တုံးထားပြီးနောက် ပန်းကန်လုံးအကြီးထဲ ထည့်ပါ။ ထို့နောက် ဆား အနည်းငယ်၊ စောစောက ဟင်းခပ်အနှစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် နနွင်းမှုန့်တိုပထည့်ကာ သမအောင် နယ်ပါ။ ထို့နောက် ၁ နာရီခန့် နှပ်ထားလိုက်ပါ။
၃။ သတ်မှတ်ချိန်ပြည့်အောင် နှပ်ထားပြီးပါက ဒယ်အိုးကို အပူပေးပြီး ဆီအနည်းငယ် ထည့်ပါ။ ဆီပူလာပါက ကြက်သားများ ရွှေရောင် ပြောင်းသွားသည်အထိ မွှေပေးလိုက်ပါ။ ထို့နောက် ပန်းကန်လုံးထဲသို့ ပြောင်းထည့်ထားလိုက်ပါ။
၄။ တစ်ဖန် ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၃ ဇွန်းထည့်ပါ။ ထို့နောက် ဟင်းခပ်အနှစ်များအားလုံးထည့်ကာ ၅ မိနစ်မှ ၈ မိနစ်ခန့် မွှေပေးလိုက်ပါ။
၅။ ထို့နောက် ဒယ်အိုးထဲသို့ ကြက်သားနှင့် ကြက်သွန်နီတို့ထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် ကြက်ပြုတ်ရည်နှင့် ပျားရည်တို့ထည့်ကာ စက္ကန့် ၃၀ ခန့် မွှေပေးလိုက်ပါ။
၆။ ထို့နောက် ပဲလိပ်ပြာနှင့် ငရုတ်သီးစိမ်းတို့ထည့်ကာ စက္ကန့် ၃၀ ခန့် မွှေကြော်လိုက်ပါ။ ထို့နောက် အရသာအပေါ့အငန် မြည်းကြည့်ပြီးနောက်မှာတော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။
Source: 3hungrytummies.blogspot.com