အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဟင်းခပ်နှစ်များ သေချာဖျော်စက်ကာ ရောချက်ထားတဲ့ ပျားရည်ဆမ်း ကြက်သားဟင်း ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား ၅၀၀ ဂရမ်
  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆားနှင့် ငရုတ်ကောင်းမှုန့်
  • ကြက်သွန်နီ တစ်ခြမ်း (အခွံခွာပြီး အတုံးခပ်ကြီးကြီး တုံးထားပါ)
  • ပဲလိပ်ပြာ လက်တစ်ဆုပ်စာခန့်

  • ကြက်ပြုတ်ရည် စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • သကြားညို (သို့) ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ငရုတ်သီးစိမ်း ၅ တောင့်

လိုအပ်သော ဟင်းခပ်အမွှေးအကြိုင်များ

  • ကြက်သွန်နီ ၃ ဥ (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၆ မြွှာ (အခွံခွာထားပါ)
  • စပါးလင် ၁ ပင် (ပါးပါးလှီးထားပါ)
  • ၅ စင်တီမီတာအရွယ်ရှိ ဂျင်းတုံး ၁ တုံး (ပါးပါးလှီးထားပါ)
  • ငရုတ်သီးစိမ်း ၃ တောင့်

  • နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
  • ဇီရာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဟင်းခပ်အမွှေးအကြိုင် ပါဝင်ပစ္စည်းများအားလုံးကို ဖျော်စက်ထဲထည့်ကာ အနှစ်များ ရလာသည်အထိ ဖျော်ပေးလိုက်ပါ။

၂။ ကြက်သားတုံးများကို အနေတော် တုံးထားပြီးနောက် ပန်းကန်လုံးအကြီးထဲ ထည့်ပါ။ ထို့နောက် ဆား အနည်းငယ်၊ စောစောက ဟင်းခပ်အနှစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် နနွင်းမှုန့်တိုပထည့်ကာ သမအောင် နယ်ပါ။ ထို့နောက် ၁ နာရီခန့် နှပ်ထားလိုက်ပါ။

၃။ သတ်မှတ်ချိန်ပြည့်အောင် နှပ်ထားပြီးပါက ဒယ်အိုးကို အပူပေးပြီး ဆီအနည်းငယ် ထည့်ပါ။ ဆီပူလာပါက ကြက်သားများ ရွှေရောင် ပြောင်းသွားသည်အထိ မွှေပေးလိုက်ပါ။ ထို့နောက် ပန်းကန်လုံးထဲသို့ ပြောင်းထည့်ထားလိုက်ပါ။

၄။ တစ်ဖန် ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၃ ဇွန်းထည့်ပါ။ ထို့နောက် ဟင်းခပ်အနှစ်များအားလုံးထည့်ကာ ၅ မိနစ်မှ ၈ မိနစ်ခန့် မွှေပေးလိုက်ပါ။

၅။ ထို့နောက် ဒယ်အိုးထဲသို့ ကြက်သားနှင့် ကြက်သွန်နီတို့ထည့်ပြီး သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် ကြက်ပြုတ်ရည်နှင့် ပျားရည်တို့ထည့်ကာ စက္ကန့် ၃၀ ခန့် မွှေပေးလိုက်ပါ။

၆။ ထို့နောက် ပဲလိပ်ပြာနှင့် ငရုတ်သီးစိမ်းတို့ထည့်ကာ စက္ကန့် ၃၀ ခန့် မွှေကြော်လိုက်ပါ။ ထို့နောက် အရသာအပေါ့အငန် မြည်းကြည့်ပြီးနောက်မှာတော့ မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

Source: 3hungrytummies.blogspot.com