ကျန်းမာပျော်ရွှင်စွာ အသက်ရှင်နေထိုင်နိုင်ဖို့အတွက် အာဟာရရှိတဲ့ အစားအသောက်တွေကို မျှတစွာစားသုံးသင့်ပါတယ်။ အာဟာရရှိရုံနဲ့တင် စားမြိန်မှာမဟုတ်ပါဘူး။ အစားအစာတွေကို အရသာရှိအောင် ချက်ပြုတ်တတ်မှသာလျှင် စားမြိန်မှာပဲဖြစ်ပါတယ်။

အစားအသောက်ချက်ပြုတ်ပြင်ဆင်တဲ့အခါမှာ နာမည်ကြီးစားဖိုမှူးတွေကပဲ အရသာရှိအောင် ချက်ပြုတ်တတ်တာမဟုတ်ပါဘူး။ သင် ကိုယ်တိုင်လည်း နာမည်ကြီးစားဖိုမှူးတွေလိုမျိုး ချက်ပြုတ်ပြင်ဆင်နိုင်ပါတယ်။ ဒါပေမဲ့ အခုဖော်ပြပေးမယ့်နည်းလမ်းတွေကိုတော့ သိထားဖို့ လိုအပ်တာပေါ့နော်။

ကြက်သွန်နီကို ပါးပါးလှီးဖြတ်နိုင်ဖို့အတွက်

ဓားအသုံးပြုပြီး လှီးဖြတ်နေမယ်ဆိုရင် အချိန်ကြာတာပေါ့။ ဓားအသုံးပြုမယ့်အစား သစ်သီးဝလံတွေကို အခွံခွာဖို့အတွက် အသုံးပြုတဲ့ ကိရိယာလေးနဲ့ ကြက်သွန်နီပါးပါးလှီးလိုက်ပါ။ အချိန်ကုန်လည်း သက်သာတဲ့အပြင် ကြက်သွန်တွေက ပါးပါးလျလျလေးနဲ့ ညီညီညာညာဖြစ်နေမှာပဲဖြစ်ပါတယ်။

ကြက်သွန်မြိတ်များ အချိန်ကြာကြာနဲ့ လတ်လတ်ဆတ်ဆတ်ရှိနေဖို့အတွက်

ဖန်ပုလင်းတစ်လုံးထဲသို့ ရေထည့်ကာ ကြက်သွန်မြိတ်များကို ထည့်ထားလိုက်ပါ။ ကြက်သွန်မြိတ်တွေ ကြာရှည်ခံမယ့်အပြင် ပွားလည်း ပွားများလာပါလိမ့်မယ်။

ကမ္ဘာပေါ်မှာ အရသာအရှိဆုံးကော်ဖီ သောက်ချင်တယ်ဆိုရင်

ကော်ဖီဖျော်တဲ့အခါ အနက်ရောင်ချောကလက်အနည်းငယ် ထည့်ဖျော်ပေးလိုက်ပါ။

ဟင်းရည် (သို့) ဟင်းပွဲထဲမှာ ဆီတွေ များနေမယ်ဆိုရင်

ရေခဲတုံးကို စက္ကူတစ်သျှူးလေးနဲ့ ပတ်ပြီး ဟင်းအိုးရဲ့ အပေါ်ယံလွှာကနေ ထိကပ်ပေးလိုက်ပါ။ အဆီတွေကို တစ်သျှူးစက္ကူလေးက စုပ်ယူပေးသွားပါလိမ့်မယ်။

သင့်လက်မှာ ကပ်ငြိနေတဲ့ ကြက်သွန်ဖြူနဲ့ ကြက်သွန်နီနံ့ကို ဖယ်ရှားချင်တယ်ဆိုရင်

လက်ဆေးတဲ့အခါ သံချေးမတက်တဲ့ စတီးလ်တုံး (သို့) စတီးချောင်းလေးနဲ့ သင့်လက်ကို ပွတ်တိုက်ပေးလိုက်ပါ။

ပန်းသီးစိတ်များကို ညိုမဲပြီး ပုပ်မသွားအောင် ဘယ်လိုသိမ်းဆည်းရမလဲ

ရေထည့်ထားသော ပန်းကန်လုံးထဲသို့ ပန်းသီးစိပ်များ ထည့်လိုက်ပါ။ ထို့နောက် ထိုရေထဲသို့ သံပုယိုသီး အဆီလေး တစ်စက်၊ နှစ်စက်ခန့် ထည့်ထားလိုက်ပါ။ ပန်းသီးစိပ်လေးတွေ တာရှည်ခံမှာပဲဖြစ်ပါတယ်။

ပေါင်မုန့်တွေ မှိုတက်မသွားအောင် အချိန်အကြာကြီး အထားခံချင်တယ်ဆိုရင်

ပေါင်မုန့်အိတ်ထဲသို့ တရုတ်နံနံအချောင်းလေး ထည့်ထားလိုက်ပါ။

ခရမ်းချဉ်သီးများ ပုပ်မသွားအောင် ဘယ်လိုသိမ်းထားရမလဲ

ပန်းကန်တစ်လုံးထဲမှာ ခရမ်းချဉ်သီးတွေထည့်ပြီးနောက် ခရမ်ချဉ်သီးရဲ့ အရွက်ရှိတဲ့ ထိပ်ဖျားပိုင်းကို ဇောက်ထိုးထားထားလိုက်ပါ။

ကြက်သွန်နီလှီးတဲ့အခါ မျက်ရည်မကျချင်ဘူးဆိုရင်

ကြက်သွန်နီမလှီးခင် ၁၅ မိနစ်လောက် အလိုကတည်းက ရေခဲသေတ္တာထဲမှာ ထည့်ထားလိုက်ပါ။ ၁၅ မိနစ်ပြည့်ပြီးမှ ရေခဲသေတ္တာထဲက ပြန်ထုတ်ပြီး လှီးဖြတ်မယ်ဆိုရင် မျက်ရည်မကျတော့ပါဘူး။

Source: Brightside.me