သံပုရာသီး၊ ငရုတ်သီး စတဲ့အစားအစာတွေကို တာရှည်ခံအောင် သိမ်းဆည်းနည်းများ၊ ကြက်သွန်နီ လှီးဖြတ်ပြီးတဲ့အခါ လက်မှာစွဲကပ်နေတဲ့ ကြက်သွန်အနံ့ကို ဖယ်ရှားနည်း၊ ငရုတ်သီးလှီးတဲ့အခါ လက်မစပ်အောင် လှီးနည်း၊ အသားကြိတ်စက်ရဲ့ဓားသွားတွေ ထက်အောင် သွေးနည်း အစရှိတဲ့ နည်းလမ်းအသွယ်သွယ်ကို အိမ်ရှင်မတို့အတွက် ဗဟုသုတတိုးပွားစေရန်အလို့ငှာ MyFood Myanmar ကနေတဆင့် ဝေမျှပေးလိုက်ရပါတယ်။

ကြက်သွန်နီ လှီးဖြတ်ပြီးတဲ့အခါ လက်က အနံ့ မနံအောင် ဘယ်လိုလုပ်ရမလဲ

ကြက်သွန်နီ လှီးပြီးတဲ့အခါ လက်မှာ ကြက်သွန်နီနံ့ ကပ်ငြိနေတတ်ပါတယ်။ ဒါ့ကြောင့် ကြက်သွန်လှီးပြီးပြီးချင်းမှာ အာလူးကို ထက်ခြမ်းခြမ်းပြီးနောက် သင့်လက်နှစ်ဖက်ကို အာလူးဖြင့် ပွတ်တိုက်ပေးလိုက်ပါ။ အာလူးက ကြက်သွန်နီအနံ့ကို စုပ်ယူလိုက်တာကြောင့် သင့်လက်က အနံ့ မနံတော့ပါဘူး။

သံပုရာသီးကို ရေခဲသေတ္တာထဲမှာ ဘယ်လိုသိမ်းဆည်းထားသင့်သလဲ

သံပုရာသီးကို ရေခဲသေတ္တာထဲ ဒီအတိုင်း ထည့်ထားမယ်ဆိုရင် ၇ ရက်ကြာတဲ့အခါ သံပုရာသီးက ခြောက်ပြီး ညိုမဲသွားပါလိမ့်မယ်။ ဒါ့ကြောင့် သံပုရာသီးကို ရေခဲသေတ္တာထဲ အရင်မထည့်ခင်မှာ သံပုရာသီးတစ်လုံးချင်းစီကို သတင်းစာစက္ကူဖြင့် ပတ်ထားလိုက်ပါ။ ထို့နောက် ကြွပ်ကြွပ်အိတ်ထဲ ထည့်ပြီးနောက် ရေခဲသေတ္တာထဲ ထည့်နိုင်ပါပြီ။ ဒါဆိုရင်တော့ သင့်ရဲ့သံပုရာသီးက ရေရှည်အထားခံပါတယ်။

ငရုတ်သီး လှီးဖြတ်တဲ့အခါ ငရုတ်သီးရဲ့ ပူစပ်စပ်အရှိန်ကြောင့် လက်က ပူမလာအောင် ဘယ်လိုလုပ်ရမလဲ

Source: Thehealthsite.com

အရင်ဦးဆုံး ငရုတ်သီး မလှီးခင်မှာ လက်နှစ်ဖက်ကို မုန်ညှင်းဆီ သုတ်လိမ်းထားလိုက်ပါ။ ပြီးမှ ငရုတ်သီး လှီးဖြတ်မယ်ဆိုရင်တော့ ပူစပ်စပ်ဒဏ်ကို ခံစားရမှာမဟုတ်တော့ပါဘူး။

အသားကြိတ်စက်၊ သစ်သီးဖျော်စက်ထဲရှိ ဓားသွားက တုံးနေတယ်ဆိုရင် ဘယ်လိုလုပ်ပေးရမလဲ

Source: Aliexpress.com

တုံးနေတဲ့ဓားကို ထက်သွားအောင် ဓားသွေးစက်ဖြင့် အလွယ်တကူသွေးလို့ရပေမယ့် အသားကြိတ်စက်၊ သစ်သီးဖျော်စက်ထဲရှိ ဓားသွားကိုတော့ ဓားသွေးစက်ဖြင့် သွေးလို့မရပါဘူး။ ဒါဆိုရင် ဘယ်လိုသွေးပေးရမလဲဆိုတော့… ထိုစက်ထဲသို့ ဆား စားပွဲတင်ဇွန်း သုံးဇွန်းခန့်ထည့်ပါ။ အဖုံးပိတ်ပြီးနောက် ခလုတ်ဖွင့်ကာ မွှေပေးလိုက်ပါ။ ထို့နောက် ဆားများကို သွန်ပစ်လိုက်ပါ။ ဒါဆိုရင်တော့ သင့်ရဲ့အသားကြိတ်စက်၊ သစ်သီးဖျော်စက်ထဲရှိ ဓားသွားက ထက်သွားပါလိမ့်မယ်။

ငရုတ်သီးတောင့်များကို တာရှည်အထားခံချင်တယ်ဆိုရင်

မိမိဝယ်လာတဲ့ ငရုတ်သီးတောင့်များကို ရေဖြင့် စင်ကြယ်အောင်ဆေးကြောပေးလိုက်ပါ။ ထို့နောက် ရေခြောက်အောင်လို့ သန့်စင်သောအဝတ်စဖြင့် သုတ်ပေးလိုက်ပါ။ ပြီးရင်တော့ လေလုံသောဘူးထဲတွင် ထည့်သိမ်းပေးထားနိုင်ပါတယ်။ ဒါဆိုရင်တော့ သင့်ရဲ့ငရုတ်သီးတောင့်များက အချိန်တိုအတွင်း ညှိုးနွမ်းသွားတာမျိုး မဖြစ်တော့ပါဘူး။

Source : Artkala.com