ပါဝင်ပစ္စည်း
- အာလူး
- ဆူးပုတ်ကြီး
- ပြောင်းဖူး
- ပိန်းဥ
- ဂေါ်ရခါး
- ရုံးပတီ
- ကြက်သွန်နီ
- ယိုးဒရားမယ် အကြော်မှုန့် ၂ ထုပ်
- ယိုးဒရား တန်ပူရာမှုန့် ဟင်းစားဇွန်း လေးဇွန်း
- ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ရေခဲရေ ၂ ခွက် (ထမင်းပေါင်းအိုးမှာပါတဲ့ခွက်)
- ဆီ
ပြုလုပ်နည်း
အာလူး၊ ဆူးပုတ်ကြီး ၊ ပြောင်းဖူး ၊ ပိန်းဥ ၊ ဂေါ်ရခါး ၊ ရုံးပတီ ၊ ကြက်သွန်နီတို့ကို ကြော်မည့်အရွယ် အသင့်လှီးထားပါ။
ယိုးဒရားမယ် အကြော်မှုန့် ၂ ထုပ် ၊ ယိုးဒရား တန်ပူရာမှုန့် ဟင်းစားဇွန်း လေးဇွန်း ၊ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ရေခဲရေ ၂ ခွက် (ထမင်းပေါင်းအိုးမှာပါတဲ့ခွက်) နဲ့ မုန့်နှစ်ကို ဖျော်ပါ။
စားခါနီးမှ အစဉ်သင့် လှီးထားသည့် အသီးအရွက်များကို ဖျော်ထားသည့် မုန့်နှစ်တွင်နှစ်၍ ဆီပူပူတွင်ထည့်၍ ကြော်ပါ။
Credit: Soe Cooking Collection