နှစ်သစ်ကူးပွဲနဲ့ မိတ်ဆုံစားပွဲ တွေအတွက် အလွန်သင့်တော်တဲ့ အကင်ပုံစံ လေးပါပဲ ။ ဇကော ၁ခု ရဲ့ ပါဝင်ပစ္စည်းများ ကုန်ကျစရိတ်က ၈သောင်း ဝန်းကျင် ဆိုတော့ မဆိုးပါဘူး။

ပါဝင်ပစ္စည်းများ

  • ကြက်မဲ – ၁ကောင်
  • ဝက်အူပိတ် ၊ ဝက်အူချို
  • ဝက်သုံးထပ်သား ၊ ဝက်နားရွက်
  • ဝက်သား ၊ ဝက်လျှာ
  • ဝက်နှလုံး ၊အသည်း
  • ဆိတ်သား
  • ရေချိုပုစွန်ထုပ်
  • တီလာဗီးယားငါး
  • ကြာဖူး ၊ ပိန်းဥ ၊ အာလူး အသေး
  • မှို ၊ ငရုတ်ပွသီး ၊ ခရမ်းချဉ်သီး
  • ပြောင်းဖူး
  • ဆန်စီး – နို့ဆီဖူး ၂လုံး
  • မုန်လာဥနီ – ၁လုံး

ပြုလုပ်ပုံ

  1. အသားနဲ့ ကလီစာများကို ဂျင်းထောင်းပီး အရည် ညှစ်ထည့်ပါ။
  2. တရုတ် ငါးမျိုးစပ် မာဆလာ၊ ဆား ၊ သကြား နဲ့ ငရုတ်သီး အစိမ်းမှုန့် တိုနဲ့ ရောနယ်ပါ။ အသားနူး မြန်အောင် မီးတောက် အရက်ပြင်း အနည်းငယ် ဖြင့် ၄နာရီ ခန့် နှပ်ထားပါ။
  3. နှပ်ဖို့ အချိန်မရ ရင်တော့ အူချို၊အူပိတ် ၊ နားရွက် ၊ နှလုံး နဲ့ ဆိတ်သား ကို ပေါင်းအိုးနဲ့ ၁နာရီ ခန့် ပေါင်းပီး မှ တုတ်ထိုးကင်ပါ။
  4. အရင်ဆုံး ကင်ရမှာ ကတော့ ကြက်ကောင်လုံးပါ။ ကြက်ကို သံပုံးထဲမှာ အလုံပိတ်ပြီး မီးပျော့ပျော့ နဲ့ နာရီဝက် ခန့်ကင်ပါ။ ကျန်တဲ့ အသားကလီစာ နဲ့ ငါး ပုစွန်တွေ ကိုတော့ မိနစ် ၂၀ ခန့် ကင်ပါ။ အသီးအရွက် ကတော့ ၁၀မိနစ် ဆိုရင်ရပါတယ်။
  5. နောက်ဆုံးမှာ ဇကော ကို ဖက်ခင်း ပီး ချက်ထားတဲ့ ထမင်းထည့်ပါ။ အပေါ် မှာ ဥနီ ပါးပါး လှီးထားတာ ဖြူးပီး ပုံပါအတိုင်း (သို့မဟုတ်) မိမိ စိတ်ကြိုက် ပြင်ဆင်ပါ။ တွဲဖက်စားရန် ကောင်းတဲ့ အချဉ် ကတော့ ငရုတ်သီး စိမ်း ၊  ဂျင်း ၊  ကြက်သွန်ဖြူရော ထောင်းပီး သံပုရာရည် ၊ သကြား ထည့်ထာ တဲ့ ချဉ်စပ် အချဉ်ပါပဲ။

Credit: Zaw Min Htwe