အခု လုပ်တဲ့ သနပ်စုံက အမျိုးပေါင်း ၁၀မျိုးပါ။ လုပ်ရတာ အလွန် လွယ်ကူပေမယ့် အမျိုးပေါင်း စုံရင် လက်ဝင်ပါတယ်

ပါဝင်ပစ္စည်းများ

  • ဂေါ်ဖီ
  • ပဲသီး
  • မျှစ်
  • ရုံးပတီသီး
  • ကြက်ဟင်းခါးသီး
  • ငြုတ်သီးစိမ်း
  • အာလူး
  • ကြက်သွန်နီ
  • ခရမ်းချဉ်သီး
  • သရက်ချဉ်
  • ကြက်သွန်ဖြူဆီချက်
  • ဆား
  • ဟင်းခတ်မူန့်
  •  နှမ်းလှော်
  • ကြက်သွန်နီကြော်

ပြုလုပ်နည်း

အခု သနပ်စုံ လုပ်ရာတွင် ဂေါ်ဖီ၊ ပဲသီး၊ မျှစ်၊ ရုံးပတီ၊ ကြက်ဟင်းခါးသီး၊ ငြုတ်သီးစိမ်း၊ အာလူး၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ သရက်ချဉ် အားလုံး ၁၀မျိုးပါ။

သရက်ချဉ်ကလွဲပြီး ကျန်တာတွေ အကုန် ရေနွေးဆူဆူမှာ တအားနူးအောင် မပြုတ်ဘဲ ခတ်စိမ်းစိမ်းလေးပြုတ် ပြီး ရေအေးနဲ့ အေးအောင် ပြန်ဆေးးပြီး၊ ရေစင်အောင်ညှစ်ပါ။

ပြီးလျင် ပါးပါးလှီးပြီး ကြက်သွန်ဖြူဆီချက်၊ ဆား၊ ဟင်းခတ်မှုန့်၊ နှမ်းလှော်တို့နဲ့သမအောင်နယ်၍ တပုံစီပုံထားပါ။သရက်ချဉ်ကို ရေစင်အောင်ဆေး၊ ရေညှစ်ပြီး အပေါ်ကလိုဘဲ နယ်ပါတယ်။ နယ်ထားတဲ့ ရသာစုံ ချိုချဉ်စပ်ခါးစိမ့်အကုန်ပါပါတယ်။

ပွဲပြင်တော့မှ ပုဂံအပြန့်ထဲတွင် တပုံစီ ပုံပြီး ကြက်သွန်နီကြော် ဖြူးပေးရပါတယ်။ အာလူးကတော့ နူးအာင်ပြုတ်၍ အခွံခွာပြီးမှ နယ်ပါတယ်။

ကျန် သီးနှံတွေက ခတ်စိမ်းစိမ်း ပြုတ်ထားတော့ စားရတာ ကြွပ်ကြွပ်လေးနေလို့ စားကောင်းပါတယ်။

Credit : Ohnmar Kyi