အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ဟင်းသီးဟင်းရွက်စုံစုံလင်လင်နဲ့ ကြော်လှော်ချက်ပြုတ်ထားတဲ့ ဟင်းရွက်စုံ ပဲပြားဟင်း ချက်ပြုတ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မြေပဲဆီ (သို့) ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူ ၃ မြွှာ (ပါးပါးလှီးထားပါ)
  • ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပဲပြား ၈ အောင်စ (အနေတော်အတုံး တုံးထားပါ)
  • မှို အနည်းငယ်

  • မျှစ် ၁၄ အောင်စ (ရေဆေးပြီးနောက် ပါးပါးလှီးထားပါ)
  • ရှမ်းနံနံ ၂ ပင် (ပါးပါးလှီးထားပါ)
  • ငရုတ်ပွ အနီ (သို့) အစိမ်း ၁ ခု (ပါးပါးလှီးထားပါ)
  • ဟင်းရွက်ပြုတ်ရည် (သို့) ရေ စားပွဲတင်ဇွန်း ၅ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း

  • ပြောင်းမှုန့်အရည် (ပြောင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းကို ရေ စားပွဲတင်ဇွန်း ၃ ဇွန်းဖြင့် ရောနှောထားပါ)
  • သီဟိုဠ်စေ့ အနည်းငယ်
  • ကြက်သွန်မြိတ် ၃ ပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သွန်ဖြူနှင့် ဂျင်းတို့ထည့်ကာ ၁ မိနစ်ခန့် ဆီသတ်ပါ။ ထို့နောက် ပဲပြားထည့်ကာ ၃ မိနစ်ခန့် မွှေကြော်ပါ။

၂။ ပဲပြားများ ရွှေညိုရောင် ပြောင်းသွားပါက ငရုတ်ပွနှင့် ရှမ်းနံနံတို့ထည့်ကာ ၁ မိနစ်ခန့် မွှေပါ။ ထို့နောက် မှိုနှင့် မျှစ်တို့ထည့်ကာ မွှေလိုက်ပါ။

၃။ ပြီးရင်တော့ ဟင်းရည်ပြုတ်ရည် (သို့) ရေထည့်ပါ။ ပဲငံပြာရည်ထည့်ပြီး ၂ မိနစ်ခန့် ဆူပွက်လာအောင် တည်ထားပါ။

၄။ ဟင်းရွက်များ မနူးတနူးအချိန်တွင် ပြောင်းမှုန့်အရည်ထည့်ပါ။ ပြောင်းမှုန့်အရည် ပျစ်သွားသည်အထိ တည်ပြီးတဲ့နောက်မှာတော့ သီဟိုဠ်စေ့နှင့် ကြက်သွန်မြိတ်တို့ထည့်ကာ သမအောင် မွှေကြော်ပေးလိုက်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ လိုအပ်ပါက ပဲငံပြာရည်အနည်းငယ် ထပ်ထည့်နိုင်ပါတယ်။

အားလုံးပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ မှို မျှစ်ချဉ် ပဲပြားဟင်းတစ်ခွက် ရရှိသွားပါပြီ။

Source: Thespruceeats.com