[Unicode]
ဂျပန်စားသောက်ဆိုင်တွေမှာ ရလေ့ရှိတဲ့ အရသာရှိတဲ့ ဂျပန်ပဲသီးပြုတ်ကို အလွယ်တကူ လုပ်စားရအောင်။
ပါဝင်ပစ္စည်းများ
- ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
- ဆန် ရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
- ထောင်းထားတဲ့ ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ဂျပန်ပဲသီးပြုတ် ၃၀၀ ဂရမ်
ပြုလုပ်နည်း
ပဲငံပြာရည်၊ ဆန် ရှာလကာရည်၊ ဂျင်းတို့ကို ခွက်တစ်ခွက်ထဲထည့်ပြီး နယ်ပါ။ ဆော့စ်ပန်းကန်ထဲထည့်ပါ။
ရေကို အိုးထဲထည့်ပြီး ဆူပွက်အောင်လုပ်ပါ။ ဂျပန်ပဲသီးကိုထည့်ပြီး နူးညံ့အောင် ၅ မိနစ် ၊ ၁၀ မိနစ်လောက်ပြုတ်ပါ။
ရေအေးအောက်မှာ ပဲသီးတွေကို ဆေးပါ။
ခုနက လုပ်ထားတဲ့ ဆော့စ်နဲ့လည်း တို့စားလို့ရပါတယ်။
Source: Allrecipes.com
[Zawgyi]
ပါဝင်ပစ္စည်းများ
ပြုလုပ်နည်း
Source: Allrecipes.com