ပါဝင်ပစ္စည်း
- ပဲဒိုင်နာ
- မျှစ်ချဉ်
- ကြက်ရိုးပြုတ်ရည်
- ဆား
ပြုလုပ်ပုံ
ပထမဦးစွာ မျှစ်ချဉ်ကို ရေတစ်ရေခန့် ပြုတ်ပြီး မျှစ်ချဉ်များ ဆည်ယူထားပါ။
ပြီးလျှင် ပဲဒိုင်နာစေ့ကို ရေအပြည့်ထည့်ကာ ၃ ရေခန့် တည်ပါ။
ပြီးလျှင် ပြုတ်ထားသော မျှစ်ချဉ်များကို လှီးဖြတ်ကာ ပဲပြုတ်ထားသည့်အိုးသို့ ထည့်ပြီး ကြက်ရိုးပြုတ်ရည် ထည့်ကာတည်ပါ။
ဆူလာလျှင် အပေါ့အငံမြည်း၍ အရသာကို လိုသလိုဖြည့်စွက်ပြီး ချလို့ရပါပြီ။
Credit: Pan Pan