အားလုံးပဲ မင်္ဂလာပါ။ အသားရှောင်တဲ့ သတ်သပ်လွတ်သမားများအတွက် အဓိကပါဝင်ပစ္စည်းသုံးမျိုးဖြင့် ကြော်ထားတဲ့ ဟင်းရွက်စုံထမင်းကြော် ကြော်နည်းကို ဝေမျှပေးချင်ပါတယ်။ အသားမပါပေမယ့်လည်း ဟင်းသီးဟင်းရွက်တွေနဲ့ အရသာရှိအောင် ဘယ်လိုကြော်စားမလဲဆိုတာကို အတူတူလေ့လာကြည့်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ထမင်းဖြူ ပန်းကန်လုံး တစ်လုံးခွဲ (တစ်ယောက်စာ)
  • လေးထောင့်အတုံးငယ်လှီးထားသော မုန်လာဥနီနှင့် ပဲလုံးစိမ်း ပန်းကန်လုံးတစ်လုံးစာ
  • ကြက်ဥ ၁ လုံး (မွှေခလောက်ထားပါ)
  • ကြက်သွန်မြိတ် တစ်ပင် (ပါးပါးလှီးထားပါ)
  • ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်း ၁ ဇွန်း

  • ခရုဆီ စားပွဲတင်ဇွန်းတစ်ဝက်
  • ဆီ စားပွဲတင်ဇွန်းတစ်ဝက်
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်းတစ်ဝက်
  • သကြား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဇလုံအကြီးတစ်လုံးထဲတွင် ထမင်းကို ပဲငံပြာရည်အနောက်၊ ခရုဆီ၊ ဆီ၊ ဟင်းချက်ဝိုင်တို့ဖြင့် သမအောင် နယ်ထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်ဥထည့်ကာ မွှေကြော်ပေးလိုက်ပါ။ ရရှိလာတဲ့ ကြက်ဥမွှေကြော်ကို ပန်းကန်လုံးထဲတွင် ပြောင်းထည့်ထားရပါမယ်။

၃။ ဒယ်အိုးထဲသို့ ဆီအနည်းငယ် ထပ်ထည့်ပြီး ပဲလုံးစိမ်းနှင့် မုန်လာဥနီတို့ကို တစ်မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၄။ ထို့နောက် အဆင့် (၁) က နယ်ထားသော ထမင်းများထည့်ကာ ၃ မိနစ်၊ ၄ မိနစ်ခန့် ကြော်ပေးလိုက်ပါ။

၅။ ကြက်ဥကြော်ကို ဒယ်အိုးထဲထပ်ထည့်ပြီး တစ်မိနစ်ခန့် ဆက်ကြော်ပေးလိုက်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးတဲ့နောက်မှာတော့ ကြက်သွန်မြိတ်ထည့်ကာ စက္ကန့် ၃၀ ခန့် မွှေကြော်ပေးလိုက်ပါ။

ထို့နောက် ထမင်းပန်းကန်လုံးထဲသို့ ပြောင်းထည့်ထားလိုက်ပါ။

ဒါဆိုရင်တော့ ဟင်းရွက်စုံ ထမင်းကြော်လေး ရရှိသွားပါပြီ။ အရသာရှိရှိ မြိတ်ယှက်စွာသုံးဆောင်လိုက်ပါ။

Source: Spicetheplate.com