အာလူးကပ်သလစ် ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ မုန်လာဥနီ၊ ကြက်သွန်မြိတ်တို့ ထည့်နယ်ထားတဲ့ အာလူးကပ်သလစ် ကြော်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

စာဖတ်သူ Foodies လေးတို့အနေနဲ့ မိမိကြိုက်နှစ်သက်တဲ့ အခြားဟင်းသီးဟင်းရွက်များကိုလည်း ထည့်သွင်းချက်ပြုတ်နိုင်တဲ့ ဟင်းသီးဟင်းရွက် အာလူးကပ်သလစ်လေးဆိုလည်း မမှားပါဘူး။

ပါဝင်ပစ္စည်းများ

  • အာလူး အလုံးကြီး ၂ လုံး
  • မုန်လာဥနီ ၁ လုံး (အခွံခွာထားပါ)
  • ကြက်သွန်မြိတ် ၃ ပင်
  • ဟင်းသီးဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပြောင်းမှုန့် စားပွဲတင်ဇွန်း ၃ ဇွန်း

  • ဆား အနည်းငယ်
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အာလူးများကို အခွံခွာပြီး ရေဆေးပါ။ ထို့နောက် အဝိုင်းလိုက် ပါးပါးလှီးထားပါ။

ဒန်အိုးတစ်လုံးထဲသို့ ရေထည့်ကာ ဆားအနည်းငယ်ထည့်ပါ။ ထို့နောက် အာလူးများကို နူးအိသွားအောင် ထည့်ပြုတ်ပေးလိုက်ပါ။

၂။ အခွံခွာထားသော မုန်လာဥနီကိုလည်း ရေနွေးပူထဲ ထည့်ပြုတ်လိုက်ပါ။

၃။ ကြက်သွန်မြိတ်များကို လက်မဝက်အရှည်ခန့် လှီးဖြတ်ထားပါ။

၄။ မုန်လာဥနီက နူးအိသွားတဲ့အခါ ရေနွေးပူထဲက ဆယ်ယူပြီး အတုံးသေးသေး တုံးထားပါ။

၅။ ထို့နောက် ပန်းကန်လုံးအကြီးတစ်လုံးထဲတွင် အာလူးပြုတ်များထည့်ကာ ခက်ရင်းဖြင့် ညှက်နေအောင် ချေပေးလိုက်ပါ။

၆။ ထိုပန်းကန်လုံးထဲသို့ မုန်လာဥနီ၊ ကြက်သွန်မြိတ်၊ ပြောင်းမှုန့် စားပွဲတင်ဇွန်း ၃ ဇွန်း၊ ဆားအနည်းငယ်၊ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ထည့်ကာ သမအောင် ရောနယ်လိုက်ပါ။

၇။ နယ်ပြီးသွားသော အာလူးအရောအနှောကို ပလပ်စတစ်အိတ်ထဲထည့်ပါ။ ထို့နောက် ပလပ်စတစ်အိတ်ကို တင်းကြပ်အောင် ပိတ်ထားပြီးနောက် ထိုအိတ်ရဲ့ထောင့်စွန်းကို ကတ်ကြေးဖြင့် ညှပ်ထုတ်လိုက်ပါ။

၈။ ဒယ်အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပြီဆိုရင်တော့ ပုံမှာပြထားသည့်အတိုင်း အာလူးအရောအနှောကို ပလပ်စတစ်အိတ်ထဲမှ ဆီပူထဲသို့ ညှစ်ထည့်လိုက်ပါ။ ထို့နောက် အာလူးကပ်သလစ်များ ရွှေညိုရောင် ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။

ရရှိလာတဲ့ အာလူးကပ်သလစ်များကို ပန်းကန်ပြားထဲသို့ ပြောင်းထည့်လိုက်ပါ။ အားလုံးကြော်ပြီးသွားတဲ့အခါမှာတော့ အရသာရှိတဲ့ မုန်လာဥနီ၊ ကြက်သွန်မြိတ် အာလူးကပ်သလစ်များ ရရှိသွားပါပြီ။ မိမိနှစ်သက်ရာ အချဉ်ရည်ဖြင့် အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Cookist Wow