အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ခေါက်ဆွဲကြော် ကြိုက်နှစ်သက်သူများအတွက် ဟင်းရွက်စုံ ခေါက်ဆွဲကြော် ကြော်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အသင့်စား ခေါက်ဆွဲခြောက် ၂ ထုပ်
  • ခရုဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်းနှင့် ပဲငံပြာရည် အနောက် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သကြား လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် နှမ်းဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • မှို၊ ငရုတ်ပွ အနည်းငယ် (ပါးပါးလှီးထားပါ)

  • မုန်လာဥနီ ၁ လုံး (အချောင်းလိုက် ပါးပါးလှီးထားပါ)
  • ဂေါ်ဖီ၊ ပဲပင်ပေါက်၊ ကြက်သွန်မြိတ်၊ ရွှေပဲသီ အနည်းငယ် (ပါးပါးလှီးထားပါ)
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးထဲတွင် ရေထည့်ပြီး ခေါက်ဆွဲများ ထည့်ကာ ၁၅ စက္ကန့်၊ တစ်မိနစ်အထိ ပြုတ်ပေးလိုက်ပါ။ ထို့နောက် ခေါက်ဆွဲများကို အိုးထဲက ဆယ်ယူလိုက်ပါ။

၂။ ပန်းကန်လုံးတစ်လုံးထဲတွင် ပဲငံပြာရည်များ၊ ခရုဆီ၊ သကြား၊ နှမ်းဆီတို့ထည့်ပြီး သမအောင် ရောမွှေလိုက်ပါ။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ကာ ကြက်သွန်ဖြူထည့်လိုက်ပါ။ တစ်ဆက်တည်းမှာပဲ မှို၊ ငရုတ်ပွ၊ ဂေါ်ဖီ၊ မုန်လာဥနီတို့ထည့်ပြီး တစ်မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ဟင်းချက်ဝိုင် ထပ်ထည့်ပြီး ၁၅ စက္ကန့်ခန့် ထပ်ကြော်ပေးလိုက်ပါ။

၃။ ခေါက်ဆွဲပြုတ်များကို အိုးထဲထည့်ပြီးနောက် စောစောက ရောမွှေထားသော ခရုဆီများကို လောင်းထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၄။ စက္ကန့် ၂၀ ခန့် ကြော်ပြီးတဲ့နောက်မှာ ရွှေပဲသီး၊ ပဲပင်ပေါက်နဲ့ ကြက်သွန်မြိတ်တို့ ထည့်ကာ စက္ကန့်အနည်းငယ်ခန့် ကြော်ပေးရပါမယ်။

ဒါဆိုရင်တော့ အရသာရှိတဲ့ဟင်းရွက်စုံ ခေါက်ဆွဲကြော် ရရှိသွားပြီပဲဖြစ်ပါတယ်။

အရသာရှိတဲ့ ခေါက်ဆွဲကြော်ကို အားရပါးရ သုံးဆောင်လိုက်ပါ။

Source: thewoksoflife.com