အားလုံးပဲ မင်္ဂလာပါ။ အားလပ်ရက်လေးမှာ အရသာရှိတဲ့ အစားအသောက်တွေ စားသုံးရင်း တန်ဖိုးရှိတဲ့အချိန်လေး မကုန်ဆုံးချင်ကြဘူးလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် ဟင်းရွက်ကြော် ကြက်ဥလိပ် (သို့) ဟင်းရွက်စုံ ကော်ပြန့်ကြော် ပြုလုပ်နည်းလေးကို လေ့လာရင်း အရသာရှိတဲ့ အစားအသောက်လေး လုပ်စားလိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • မုန်လာဥနီ ၃ လုံး (နုပ်နုပ်စဉ်းထားပါ)
  • ကြက်သွန်နီ ၁ လုံး (နုပ်နုပ်စဉ်းထားပါ)
  • ဂေါ်ဖီထုပ် အနည်းငယ် (နုပ်နုပ်စဉ်းထားပါ)
  • သံလွင်ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း၊ ၄ ဖွန်း
  • ကြက်ဥကြော် (သို့) ဂျုံပြား ၅ ပြားခန့်

Source: mydailymoo

  • ဆား၊ ပါးပါးလှီးထားသော ငရုတ်သီး၊ ငရုတ်ကောင်းမှုန့်နှင့် ဆီ အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၄ ဇွန်းထည့်ပြီး အပူပေးပါ။

၂။ ဆီပူလာပါက မုန်လာဥနီ၊ ကြက်သွန်နီ၊ ဂေါ်ဖီတို့ထည့်ပြီး သမအောင် ရောကြော်လိုက်ပါ။

၃။ ဟင်းရွက်ကြော်ထဲသို့ ငရုတ်သီးတောင့်၊ ငရုတ်ကောင်းမှုန့်နှင့် ဆားတို့ ထည့်ပြီး အရသာ အပေါ့အငန် မြည်းစမ်းကြည့်ပါ။

၄။ အရသာအနေတော် ဖြစ်ပါက ဟင်းရွက်များကို ၄ မိနစ်၊ ၅ မိနစ်ခန့် ကြော်ပေးရပါမယ်။

၅။ ရရှိလာတဲ့ ဟင်းရွက်ကြော်ကို ကြက်ဥကြော် (သို့) ဂျုံပြားပေါ်တွင် အညီအမျှစီ ခွဲထည့်ပြီးနောက် တင်းတင်းကြပ်ကြပ်လေး လိပ်လိုက်ပါ။

၆။ ထို့နောက် ဒယ်အိုးထဲသို့ ဆီထည့်ပြီး ဆီပူလာပါက ဟင်းရွက်ထည့်ထားသော ဂျုံလိပ်များ ထည့်ကြော်လိုက်ပါ။ ဂျုံလိပ်များ ရွှေရောင် သမ်းလာသည်အထိ ကြော်ပေးရပါမယ်။ (ကြက်ဥကြော် အသုံးပြုပြီး လိပ်ပါက ဒီအဆင့်ကို ကျော်လိုက်ပြီး မိမိနှစ်သက်ရာ ဆော့စ်တစ်မျိုးမျိုးဖြင့် အရသာရှိရှိ သုံးဆောင်နိုင်ပါတယ်)

နောက်ဆုံးမှာတော့ အရသာရှိတဲ့ ဟင်းရွက် ကြက်ဥလိပ် (သို့) ဟင်းရွက် ကော်ပြန့်ကြော်ကို မြိန်ရေယှက်ရေ သုံးဆောင်နိုင်ပါပြီ။

Source: cookingcrave.com