အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အရသာလည်းရှိ အာဟာရလည်း ပြည့်ဝစေမယ့် သီးစုံ ပဲကတ္တီပါဟင်းရည် ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်နီ ၁ ဥ (ပါးပါးလှီးထားပါ)
  • မုန်လာဥနီ ၂ လုံး (ပါးပါးလှီးထားပါ)
  • တရုတ်နံနံ ၂ ပင် (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၃ မြွှာ (နုပ်နုပ်စဉ်းထားပါ)

  • ပန်းဂေါ်ဖီ ၈ အောင်စ (အနေတော်အရွယ်အစား လှီးဖြတ်ထားပါ)
  • ပြောင်းဖူး ပန်းကန်လုံး ၁ လုံးစာခန့်
  • အာလူး ၂ လုံး (အခွံခွာပြီး အနေတော် အတုံး တုံးထားပါ)
  • ခရမ်းချဉ်သီး ၂၈ အောင်စ (လေးထောင့်အတုံးငယ် တုံးထားပါ)
  • ပဲကတ္တီပါ ၁၅ အောင်စ

  • ပျဉ်းတော်သိမ်း ၁ ရွက်
  • သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဟင်းရွက်ပြုတ်ရည် (သို့) ကြက်ပြုတ်ရည် ၁ လီတာခွဲ
  • ဆား လက်ဖက်ရည်ဇွန်း ၂ ဇွန်းနှင့် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • သခွားသီး ၁ လုံး (အဝိုင်းလိုက် ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ စွပ်ပြုတ်အိုးကို အပူပေးပြီး သံလွင်ဆီထည့်ပါ။ ဆီပူလာပါက ကြက်သွန်နီ၊ မုန်လာဥနီ၊ တရုတ်နံနံတို့ထည့်ကာ ၅ မိနစ်ခန့် မွှေပေးလိုက်ပါ။

၂။ ထို့နောက် ကြက်သွန်ဖြူထည့်ပြီး စက္ကန့် ၃၀ ခန့် အနံ့မွှေးလာသည်အထိ မွှေပေးလိုက်ပါ။ ပန်းဂေါ်ဖီ၊ အာလူး၊ ပြောင်းဖူး၊ ခရမ်းချဉ်သီး၊ ပဲကတ္တီပါ၊ ပျဉ်းတော်သိမ်၊ သံပုယိုရည်၊ ဟင်းရွက်ပြုတ်ရည်၊ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် ရောမွှေပေးလိုက်ပါ။

၃။ ထို့နောက် အလယ်အလတ်မီးအပူချိန်ဖြင့် မိနစ် ၂၀ ခန့် တည်ထားလိုက်ပါ။ သတ်မှတ်ချိန်ပြည့်ပါက သခွားသီးထည့်ပြီး ၅ မိနစ်ခန့် ရောမွှေလိုက်ပါ။ အရသာအပေါ့အငန်မြည်းကြည့်ပြီးနောက်မှာ လိုအပ်ပါက ဆားနှင့် ငရုတ်ကောင်းမှုန့် ထပ်ထည့်နိုင်ပါတယ်။

မီးဖိုပေါ်ကချခါနီးမှာတော့ ပျဉ်းတော်သိမ်အရွက်လေး ဖယ်ရှားနိုင်ပါတယ်။

ဒါဆိုရင်တော့ အရသာရှိပြီး အာဟာရပြည့်ဝတဲ့ သီးစုံ ပဲကတ္တီပါဟင်းရည်လေး ရရှိသွားပါပြီ။

Source: Cravinghomecooked.com