ပါဝင်ပစ္စည်း
- ကော်ပြန့်ဖတ်ကြီး – ၁၀၀ ချပ်
- ဂေါ်ဖီကြီး – ၂ ထုပ်
- ဥနီ – ၂ တောင့်
- ပဲတုံး – ၄ တုံး
- ဂေါ်ရခါးသီး – ၃ လုံး
Source: Ruchiskitchen
- ဘိုစားပဲ
- ဆလတ် – ၂ စည်း
- ကြက်သွန်မြိတ်
- ကြက်သွန်ဖြူ – ၁ ဥ (နနွင်းမထည့် ၊ ဆီချက် ချက်ထားပါ ။)
- ဆား၊ သကြား
ပြုလုပ်နည်း
ပဲတုံးကို ဂျစ်နဲ့ခြစ် ၊ ဥနီကို ဂျစ်နဲ့ခြစ် ၊ ဂေါ်ရခါးသီး အတုံးသေးသေးလေးတွေလှီး ၊ ပဲသီး အကွင်း ပါးပါးလှီး ၊ ဂေါ်င်္ဖီကို ဂျစ်နဲ့ အမျှင်ပါးပါး ခြစ်ထားပါ။
ပထမ ဆီ ၃ ဇွန်းလောက်နဲ့ ပဲတုံး ခြစ်ပြီးသားတွေကို လှော်ပါမယ်။ ကျွတ်ပြီး နဲနဲညိုတဲ့အထိပါ။ ဆား ၊ သကြား ထဲ့ပါ တယ် ။ ဖယ်ထားပါ။ (ပဲခြစ်လေးတွေက လုံးခဲ မွမွလေးဖြစ်ရမယ် ။ ဒါမှ အရွက်ထဲ ပျော်မသွားပဲ အသားစလေးတွေပုံ ဆောင်နေမှာပါ ။ နာနာ နဲ့ကြာကြာ ၊ ယောင်းမအားသုံးပြီး မကပ်အောင် ခြစ်နေရမှာကို သတိပြုပါ။)
ဆီ ၃ ဇွန်းလောက်ထဲ့ပြီး ၊ ပဲသီး ၊ ဥနီ ၊ ဂေါ်ရခါးသီး တွေထည့်ပြီး ရောကြော်ပါမယ်။
ဆားနဲနဲ နဲ့သကြားကို စား ၁ ဇွန်းထည့်ပါမယ်။ အစိမ်းနံ့ကုန်ပြီး ကျက်ရင် ဖယ်ထားပါတယ်။
ဂေါ်ဖီကို တဝက်စီ၊ ဆီ ၂ ဇွန်း ၊ ဆားနဲနဲ ၊ သကြား စား ၂ ဇွန်းနဲ့ကြော်ပါမယ်။ အစိမ်းနံ့ပျောက်ပြီး ကျက်တဲ့ထိကြော်ပါ။
ဂေါ်ဖီ နောက်တအိုး ကြော်ပြီးချိန်တွင် အားလုံးကို သမအောင် ပြန်ရောလို့ရပါပြီ။
ရေခြောက်နေရင်၊ စိုစိုလေးဖြစ်အောင်၊ ရေနွေးတဖန်ခွက်လောက် ထပ်ထည့်လိုက်ပါ။ ကော်ပြန့်စိမ်းက အရေလေးစိုနေမှ လိပ်စားရတာ ခြောက်မနေပဲ နူးညံ့နေမှာပါ။
ကော်ပြန့်ဖတ်ကို ခွာထားပြီး၊ ရေစိုဝတ်သန့်သန့်နဲ့အုပ်ထားပါ။ (ပိုရင် အေးခဲခန်းထဲထည့်ပြီးသိမ်းထားလျင် ၄ – ၅ ရက် ခံပါတယ်။
ပြောင်းဖူးပြုတ်ချွေထည့် ၊ အစာနဲ့ရောစားသလို၊ စိမ်းစားဥကို ဂေါ်ရခါးသီးလိုလှီး၊ ရောကြော်ပြီး စားရင်လဲ တကျွတ်ကျွတ်နဲ့ အရမ်းစားကောင်းပါတယ်။
အသားထည့်ချင်ရင် ပြုတ်ပြီးစင်းထည့်ပါ။
ကော်ပြန့်ဖတ်က အငံဓါတ်ရှိတာမို့အစာကို ဆားသတိထားထည့်ပါ။ လိပ်စားခါနီး အစာက ပူပူလေးဖြစ်နေပါစေနော်။
Credit: Happy Family Time