အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ သပ်သတ်လွတ်သမားများအတွက် အာဟာရပြည့်ဝပြီး အရသာရှိတဲ ဟင်းရွက်စုံ အစိမ်းကြော် ကြော်နည်းလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • မုန်လာဥနီ ၁ လုံး (အခွံခြစ်ပြီး ပါးပါးလှီးထားပါ)
  • မှို အနည်းငယ် (ပါးပါးလှီးပါ)
  • ပန်းဂေါ်ဖီစိမ်း တစ်ပွင့်
  • ငရုတ်ပွ အနီနှင့် အဝါ တစ်ခုစီ (အချောင်းလိုက် ပါးပါးလှီးထားပါ)

  • ရွှေပဲသီး လက်တစ်ဆုပ်စာခန့်
  • ပြောင်းဖူးအသေး (ပါးပါးလှီးထားပါ)
  • သစ်အယ်သီး အနည်းငယ်
  • ပါးပါးလှီးထားသော ကြက်သွန်ဖြူ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ပါးပါးလှီးထားသောဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း

  • ဆားနှင့် ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ဟင်းရွက်ပြုတ်ရည် (သို့) ရေ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ပြောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးကို အပူပေးပြီး ဆီအနည်းငယ် ထည့်ပါ။ ဆီပူလာပါက မုန်လာဥနီနှင့် မှိုတို့ထည့်ကာ ၄ မိနစ်၊ ၆ မိနစ်ခန့် မွှေကြော်ပါ။

၂။ ပန်းဂေါ်ဖီစိမ်း၊ ငရုတ်ပွ၊ ရွှေပဲသီး၊ သစ်အယ်သီး၊ ပြောင်းဖူးနှင့် ရေ စားပွဲတင်ဇွန်း ၂ ဇွန်းတို့ ပေါင်းထည့်လိုက်ပါ။

၃။ ၃ မိနစ်၊ ၅ မိနစ်ခန့် မွှေကြော်ပြီးတဲ့နောက်မှာတော့ ဟင်းရွက်များ နူးသွားပါပြီ။ ထိုအခါ ကြက်သွန်ဖြူနှင့် ဂျင်းတို့ထည့်ကာ စက္ကန့် ၃၀ ခန့် သမအောင် ကြော်ပါ။ ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ပြီး အရသာအပေါ့အငန်မြည်းကြည့်လိုက်ပါ။

၄။ ပန်းကန်လုံးတစ်လုံးထဲတွင် ဟင်းရွက်ပြုတ်ရည်၊ ပဲငံပြာရည်နှင့် ပျားရည်တို့ ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။ ထိုဟင်းရွက်ပြုတ်ရည် အရောအနှောကို ဒယ်အိုးထဲထည့်ကာ စက္ကန့် ၃၀ ခန့် မွှေကြော်ပေးလိုက်ပါ။

၅။ အခြားပန်းကန်လုံးအသေးတစ်လုံးထဲတွင် ပြောင်းမှုန့်များကို ရေ စားပွဲတင်ဇွန်း ၁ ဇွန်းဖြင့် သမအောင် ရောမွှေလိုက်ပါ။ ထိုပြောင်းမှုန့်ရည်ကို ဒယ်အိုးထဲထည့်ကာ တစ်မိနစ်ခန့် မွှေကြော်ပါ။

၆။ ဟင်းရည်များ ပျစ်သွားတဲ့အခါမှာတော့ မီးဖိုပေါ်ကချလိုက်လို့ရပါပြီ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အစိမ်းကြော်ဟင်းပွဲတစ်ပွဲ ရရှိသွားပါပြီ။

Source: Dinneratthezoo.com